သရက်မြို့ရှိ သာသနာ့ဗိမာန်တော်နှင့် သရက် (View Point) ဆောင်ရွက်နေမှုအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ကွင်းဆင်းကြည့်ရှု

သရက် ဒီဇင်ဘာ ၁၀

မကွေးတိုင်းဒေသကြီး သရက်မြို့ရှိ သာသနာ့ဗိမာန်တော်နှင့် ကမ်းနားလမ်းမှ သရက် (View Point) ဆောင်ရွက် နေမှု လုပ်ငန်းများအား သရက်ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ယမန်နေ့ ညနေ ၄ နာရီက ကွင်းဆင်းကြည့်ရှုခဲ့သည်။

ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် သရက်မြို့သာသနာ့ဗိမာန်တော်တွင် ပါကေးကြမ်းခင်း ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများအား ကြည့်ရှုပြီး ကမ်းနားလမ်းတွင် သရက် (View Point) ဆောင်ရွက်နေမှု လုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုရာ မြို့နယ်စည်ပင်အမှုဆောင်အရာရှိက လုပ်ငန်း ဆောင်ရွက်နေမှုအခြေ အနေများကို ရှင်းလင်းခဲ့သည်။  ယင်းနောက် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌက လုပ်ငန်းဆောင်ရွက်မှုများ သတ်မှတ်ချိန်တွင် ပြီးစီးရေး၊ စံချိန်စံညွှန်းပြည့်မီရေးတို့ကို အလေးထား ဆောင်ရွက်ရန် မှာကြားကာ လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်