ပြန်ကြားရေးနှင့်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကျင်းပ

ပန်းတောင်း ဒီဇင်ဘာ ၁၀

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင်  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့နေ့လယ်(၁)နာရီက အ.ထ.က (ပန်းတောင်း) ကျောင်းအစည်း ဝေးခန်းမတွင် ကျင်းပခဲ့ပါသည်။

အဆိုပါ အခမ်းအနားတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်အေးမူက အဖွင့်အမှာ စကားပြောကြားပေးခဲ့ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနဦးစီးအရာရှိ ဒေါ်သင်းသင်းအေးက လူငယ်စကားဝိုင်း ကျင်းပရသည့် ရည်ရွယ်ချက်အား ပြောကြားရာမှာ လူငယ်များဗလငါးတန်နှင့် ပြည့်စုံပြီး အသိပညာဗဟုသုတ တိုးပွားစေရန် နှုတ်မှုစွမ်း ရည်ထက်မြတ်စေရန် လူငယ်များ အချင်းချင်း  ပူးပေါင်းဆောင်ရွက် တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်း ဝင်မှုရှိစေရန်၊ စဉ်းစားတွေးခေါ်မှု စွမ်းရည်များ ရင့်သန်လာစေရန်နှင့် ကိုယ့်ကျင့် တရားကောင်း မွန်သည့်လူတော်လူကောင်းများ ပေါ်ထွန်းလာပြီး အနာဂတ် နိုင်ငံတော်ကို ဦးဆောင်မည့် လူငယ်များဘက်စုံ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ဆောင်ရွက်တာဖြစ်ကြောင်း ပြောကြားခဲ့ပြီး Moderator အဖြစ်ဆောင်ရွက်ကာ Grade-11 ကျောင်းသား/ကျောင်းသူ(၅)ဦးက ဆွေးနွေးခဲ့ရာ Grade-11ကျောင်းသူ မသော်တာအေးချမ်းက ယနေ့လူငယ်များအတွက် အချိန်၏အရေးပါမှု ခေါင်းစဉ်ဖြင့့်လည်းကောင်း၊ Grade-11ကျောင်းသူ မဖြိုးဝဿန်က လူငယ်နှင့်အခွင့် အလမ်းခေါင်းစဉ် ဖြင့်လည်းကောင်း၊ Grade-11ကျောင်းသားမောင်လွင်ကိုထက်က လူငယ်နှင့် အပြစ်ခေါင်းစစဉ်ဖြင့်ဆွေးနွေးပြီး Grade-11 ကျောင်းသား မောင်ပြည့်စုံဖြိုးက လူငယ်နှင့်ယစဉ်ကျေးမှုခေါင်းစဉ်ဖြင့်ဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍Grade-11 ကျောင်းသား မောင်အောင်မျိုးဇင်က လူငယ်နှင့် ဆေးလိပ်အန္တရာယ် ခေါင်းစဉ်ဖြင့် ဆွေးနွေးရာမှာ ဆေးလိပ်ဖြတ်ခြင်းဖြင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများ၊ ဆေးလိပ်ကြောင့်ဖြစ်တတ်သော ဘေးအန္တရာယ်ဆိုးကျိုးများ၊ မြန်မာနိုင်ငံ၏ အနာဂတ် လူငယ်များအနေဖြင့် မူးယစ်စေတတ်သော အရာများကို ရှောင်ကြစဉ်ကြရန် လိုအပ်ကြောင်း ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

သင်းသင်းအေး (ပြန်/ဆက်)