ချောက်မြို့ အထက(၂)ကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ

ချောက်    ဒီဇင်ဘာ     ၁၀

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကား ဝိုင်းဆွေးနွေးပွဲကို "လူငယ် နှင့်အနာဂတ်"ခေါင်းစဉ်ဖြင့် ယမန်နေ့နံနက် ၁၀ နာရီ က ချောက်မြို့အမှတ် (၂)အခြေခံပညာ အထက်တန်းကျောင်း၊ စွယ်တော်ခန်းမ၌ ကျင်းပရာ ခရိုင်ပညာရေးမှူး ဦးမန်းအောင်၊ မြို့နယ် ပညာရေးမှူးဒေါ်ခင်လေးဖြူနှင့် ဌာနဆိုင်ရာများ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်း၊ အမျိုးသမီးရေးရာအဖွဲ့များ၊ ဖိတ်ကြားထားသူများ၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးကြူ နှင့်ဆရာ၊ ဆရာမများ၊ ကျောင်း သား/ကျောင်းသူများ စိတ်ပါဝင်စားစွာ တက်ရောက်ခဲ့ကြောင်းသိရသည်။

အဆိုပါစကားဝိုင်းဆွေးနွေးပွဲတွင် ခရိုင်ပညာရေးမှူး ဦးမန်းအောင်ကအဖွင့် အမှာစကားပြောကြား ပြီးမြို့နယ်ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သိမ့်ဝါက ညှိနှိုင်းရေးမှူး (Moderator) အဖြစ်ဆောင်ရွက်ပြီး လူငယ်များသည် နိုင်ငံတော်အတွက် တန်ဖိုးမဖြတ်နိုင်သော ကြီးမားသည့်လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်ပြီး နိုင်ငံတော်ဖွံဖြိုးတိုး တက်ရေးလုပ်ငန်းများတွင်လည်း ထူးခြားသောအင်အားစုတစ်ရပ်လည်း ဖြစ်ကြောင်း၊ နိုင်ငံတော်က ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးနှင့် ယဉ်ကျေးမှုစသော ဘက်စုံဖွံဖြိုး တိုးတက်ရေးလုပ်ငန်းများတွင် လူငယ်ရေးရာ ကိစ္စရပ်များကို အရှိန်အဟုန်မြှင့် ပိုမိုဆောင်ရွက်နိုင်ရေးဆောင် ရွက်လျက်ရှိကြောင်း၊လူငယ်များ အတွေးအခေါ်မှန်ကန်စေရန်နှင့် ဗလငါးတန် ဖွံဖြိုးတိုးတက်ရစေရန် လိုအပ်ကြောင်း၊ လူငယ်စကားဝိုင်းများမှတစ်ဆင့် အသိပညာဗဟုသုတ များပိုမိုရရှိလာစေရန်၊ စကားပြော အတတ်ပညာကျွမ်းကျင် တတ်မြောက်ပြီး လူအများရှေ့တွင်ရဲဝံ့စွာစကား ပြောဆိုတတ်စေရန်၊ လူငယ်အချင်းချင်း အသိပညာဖလှယ် တတ်စေရန်နှင့်တစ်ယောက်နှင့်တစ်ယောက်ယဉ် ကျေးမှုရှိပြီးပူးပေါင်း ဆောင်ရွက်တတ်စေရန်စတဲ့အလေ့အကျင့် ကောင်းများရရှိလာစေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း  ရှင်းလင်းဆွေးနွေးပြောကြားသည်။

ထို့နောက် ပြောကြား သူများအဖြစ် အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းမှ Grade - 10 ကျောင်းသား / သူများဖြစ်သည့် မောင်လင်းထက်အောင်၊  မဖွေးဧကရီအောင်၊ မအိသဥ္ဇာဖြိုး၊ မမြတ်ကေခင်၊ မောင်လှိုင်းစိုင်းခန့်တို့က "လူငယ်နှင့် ပညာရေး" ၊"ဉာဏ်ရည်ဉာဏ် သွေးမြင့်မားမှု နှင့်ဉာဏ်ရည်တိုင်းတာမှု" ၊"စာဖတ်ခြင်းအကျိုး ကျေးဇူး"၊"လူငယ်နှင့်ယဉ် ကျေးမှုတန်ဖိုး"၊"ပညာရေးနှင့်လူမှုအဆင့်အတန်း"စသည့်ခေါင်းစဉ်များဖြင့်စကားဝိုင်းဖွဲ့၍ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ လူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်း ဆွေးနွေးခဲ့ပြီး အောင်ပြည့်သာပညာရေးစင်တာမှ ဆရာမ ဒေါ်မွန်မွန်ကို က ဆွေးနွေးပြောကြားသည့် ကျောင်းသား၊ ကျောင်းသူများအား ဆုငွေများ ပေးအပ် ချီးမြှင့်ခဲ့ကြောင်းသိရ သည်။

ယင်းနောက်(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်း အမှတ်အကြို မြို့နယ်ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ်စာစောင်များ ခင်းကျင်းပြသခဲ့ရာ တက်ရောက်လာများနှင့် ကျောင်းသား၊ ကျောင်းသူများက စာအုပ်စာစောင်များအား စိတ်ဝင် တစားလေ့လာကြည့်ရှုခဲ့ ကြောင်း သိရှိရသည်။

(မြို့နယ်ပြန်/ဆက်)