မြောင်းမြ ဒီဇင်ဘာ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့ ပညာရေးဒီဂရီကောလိပ်၊ မြရတုခန်းမတွင် ယမန်နေ့ နေ့လယ် (၂) နာရီအချိန်က ယာဉ်အန္တရာယ် ကင်းရှင်းရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် လူကုန်ကူးမှု အန္တရာယ် ကာကွယ်တားဆီးရေး အသိပညာပေး ဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် အမှတ် (၇) လူကုန်ကူးမှု တားဆီးကာကွယ်နှိမ်နှင်းရေး တပ်ဖွဲ့စု (ပုသိမ်)မှ ရဲအုပ် လွှမ်းမိုးထွန်းက လူကုန်ကူးမှုဖြစ်စဉ်များနှင့် လူကုန်ကူးမှု မဖြစ်ပွားစေရန် သတိပြုရမည့် အချက်များ၊ ရှောင်ရှား ရမည့်အချက်များကို ဟောပြောခဲ့သည်။ ဆက်လက်ပြီး အမှတ် (၈၁) ယာဉ်ထိန်းတပ်ဖွဲ့စုမှ ဒုတိယရဲမှူး ညီညီအောင်က ယာဉ်အန္တရာယ် လမ်းအန္တရာယ် ကင်းရှင်းရေးအတွက် လိုက်နာရမည့်အချက်များ၊ ရှောင်ရှားရ မည့်အချက်များ၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းဥပဒေများ၊ ယာဉ်အန္တရာယ်ဖြစ်ပွားတတ်သည့် အခြေအနေများ ကို အသိပညာပေး ဟောပြော၍ တပ်ကြပ်ကြီး ဇော်မင်းထွန်းက ယာဉ်လမ်းအချက်ပြပုံများကို လက်တွေ့ သရုပ်ပြခဲ့ကြပြီး တက်ရောက်လာသူများကို ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေး လက်ကမ်း စာစောင်များနှင့် စာအုပ်များကို ဖြန့်ဝေပေးခဲ့သည်။ အဆိုပါ ဟောပြောပွဲသို့ ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်စန်းဝင်းနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၅၀၁)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြောင်းမြခရိုင် (ပြန်/ဆက်)