သရက်ချောင်း ဒီဇင်ဘာ ၉
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်သော အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေ (၂၀၂၂ ခုနှစ်) အရ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား အောင်မြင်စွာ အကောင်ထည်ဖော်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီခွဲအချိန်က သရက်ချောင်းမြို့၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာ/ရပ်ကွက် အုပ်ချုပ်ရေးမှူး များ တက်ရောက်ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးက အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေ (၂၀၂၂ ခုနှစ်) အရ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် များအား အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးနှင့် သရက်ချောင်း မြို့နယ်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးထွန်းအောင်ကျော်တို့က အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ (၂၀၂၂ ခုနှစ်) ပြဌာန်းရခြင်း၏ အဓိကအကြောင်းတရားများ၊ (၂၀၁၄ ခုနှစ်မှ ၂၀၂၂ ခုနှစ်) အထိ အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေအကြောင်း၊ အသင်းအဖွဲ့မှတ်ပုံတင်ခြင်းနှင့် သက်တမ်းတိုးခြင်းဆိုင်ရာ ကိစ္စရပ်များဆိုင်းငံ့ထားရှိမှု၊ သိရှိထားသင့်သော ပြဌာန်းချက်များ၊ သတိပြုရမည့် ပုဒ်မများအကြောင်း၊ ၂၀၀၈ခုနှစ် ဖွံ့စည်းပုံအခြေခံဥပဒေ (အခန်း–၈)၊ ၂၀၁၄ ခုနှစ် အသင်းအဖွဲ့ဥပဒေအရ မှတ်ပုံတင်ခွင့်ပြုခဲ့သည့် အသင်းအဖွဲ့များအကြောင်းကို အကျယ်တဝင့် ရှင်းလင်းပြောကြားကာ အခမ်းအနားရုပ်သိမ်းခဲ့ကြောင်း သိရသည်။
သားကြီး (သရက်ချောင်း)