ကျွန်းစု ဒီဇင်ဘာ ၉
ကျွန်းစုမြို့နယ်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပသည်။
အစည်းအဝေးတွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စန်းဝင်းက လူကုန်ကူးခံရသူများအားပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်အပေါ် ဆောင်ရွက်ပြီးစီးမှုများ၊ လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံ၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြည်လည်ထူထောင်ရေးဆိုင်ရာ အမျိုးသားအဆင့် စံလုပ်ငန်းအစီအစဉ်နှင့်ပတ်သက်၍ စံလုပ်ငန်းစဉ်အဖွဲ့ ဖွဲ့စည်းမှု၊ စံလုပ်ငန်းစဉ် အဆင့်ဆင့်တို့အား ရှင်းလင်းခဲ့ပြီး မြို့နယ်ရဲတပ်ဖွဲ့ ယာယီရဲမှူးစိုးသန့်က ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု(၇)ချက်နှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှု အဆင့်ဆင့်တို့အား ရှင်းလင်းကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။
စည်သူရအောင်(ကျွန်းစု)