နတ်မောက်မြို့၌ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပြိုင်ပွဲများ ကျင်းပနိုင်ရေးအတွက်  လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နတ်မောက် ဒီဇင်ဘာ ၉

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်ပြိုင်ပွဲများ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန ( Community Centre) အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ဥမ္မာခင်က (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပြိုင်ပွဲများ ကျင်းပနိုင်ရေးအတွက် နတ်မောက် မြို့နယ်ရှိ အခြေခံပညာကျောင်းများမှ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို တစ်ကျောင်းလျှင် ကျောင်းသား/သူ (၅)ဦးနှင့် ကျပန်းစကားပြောပြိုင်ပွဲအတွက် တစ်ကျောင်းလျှင် ကျောင်းသား/သူ (၂)ဦးနှုန်းဖြင့် (၂၇-၁၂-၂၀၂၂) ရက်နေ့တွင်လည်းကောင်း၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲများကို တစ်ကျောင်းလျှင် (၅)ဦးနှုန်းဖြင့် (၂၈-၁၂-၂၀၂၂)ရက်နေ့တွင်လည်းကောင်း၊ မူလတန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို တစ်ကျောင်းလျှင် ကျောင်းသား/သူ(၅)ဦးနှုန်းဖြင့် (၂၉-၁၂-၂၀၂၂) ရက်နေ့တွင်လည်းကောင်း ကျင်းပသွားမည်ဖြစ်၍ ဒီဇင်ဘာ (၁၄) ရက်နေ့တွင် ပြိုင်ပွဲဝင် ကျောင်းသား/သူများစာရင်းကို မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးသို့ ပြိုင်ပွဲအမည်စာရင်းများ ပေးပို့နိုင်ရေးအတွက် ဆွေးနွေးရှင်းလင်းခဲ့ပြီး၊ မြို့နယ်ပညာရေးမှူး ဦးသန်းထိုက်က ပြိုင်ပွဲဝင်မည့်ကျောင်းသား/သူများ၏ စည်းကမ်းလိုက်နာမှု၊ ဝတ်စားဆင်ယင်မှု၊ မိတ်ဆက်ကိုယ်ဟန်အနေ အထား၊ စကားပြောရာတွင် အသံကြည်လင်ပြတ်သားမှုစသည့် အကြောင်းအရာများနှင့် ဒိုင်လူကြီးများ၏ လိုက်နာရမည့်အမှတ်ပေး စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာကြသည့် ဆရာ/မများမှလည်း  လိုအပ်သည့် အကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

လှဝင်း