ရေဖြူမြို့နယ်တွင် ဝန်ထမ်းများဗီဒီယို တည်းဖြတ်ခြင်းသင်တန်းဖွင့်လှစ်

ရေဖြူ   ဒီဇင်ဘာ    

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများအား ဗီဒီယို တည်းဖြတ်နည်းသင်တန်းကို ယနေ့နံနက်ပိုင်းက ရေဖြူမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန(Community Center) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရေဖြူမြိုနယ်ရုံးမှ ဦးစီးအရာရှိဒေါ်ဖြူဖြူရှိန်က ဌာနဝန်ထမ်းများအနေဖြင့် ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် အထောက်အကူ ဖြစ်စေရန်ရည်ရွယ်၍ ယခုသင်တန်းကိုစီမံဖွင့်လှစ်ရခြင်းဖြစ်ကြောင်း သင်တန်းဖွင့်အမှာစကား ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်ဦးစီးအရာရှိက ဗီဒီယို ရိုက်ကူးထုတ်လွှင့်ခြင်း၊ တည်းဖြတ်ခြင်း၊ အသံသွင်းခြင်း၊ တီးလုံးထည့်သွင်းခြင်း၊ ဓာတ်ပုံ အယူအဆ အနေအထားတို့ကိုသင်ကြားပေးခဲ့ကြောင်း သိရသည်။ အဆိုပါသင်တန်းသို့ ရေဖြူမြို့နယ်ရုံးမှ  ဝန်ထမ်းများတက်ရောက်ခဲ့ကြောင်း သိရသည်။

ခတ္တာ