ကျွန်းလှမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု (CERP) အစီအစဉ်ဖြင့် စိုက်ပျိုးသော မိုးစပါး မျိုးစေ့ထုတ်ကွက်များ စစ်ဆေး

ကျွန်းလှ စက်တင်ဘာ ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု(CERP) အစီ အစဉ်ဖြင့် တပ်ကုန်းကျေးရွာ၌ စိုက်ပျိုးထားသော မိုးစပါးမျိုးစေ့ထုတ်ကွက်(၂၅)ဧကအား ယနေ့ နံနက်ပိုင်း ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူးဒေါ်မြင့်မြင့်ရီနှင့် ဝန်ထမ်းများက မိုးစပါး မျိုးစေ့ထုတ်ကွက်များအတွင်း မိုးပွားကင်းစင်ရေး၊ ပေါင်းမြက်ကင်းရှင်းရေး၊ အပင်ပွားနှုန်းဒေတာ မှတ်တမ်း ကောက်ယူခြင်း ဆောင်ရွက်ကြပြီး၊ တောင်သူများအား သဘာဝမြေဩဇာ သုံးစွဲရေးနှင့် စိုက်ပျိုးရေး အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

ကျွန်းလှမြို့နယ်တွင် မိုးစပါးမျိုးစေ့ထုတ်ကွက်အဖြစ် မကျီးအင်းကျေးရွာ၊ မဒေါင်ကျေးရွာ၊ တပ်ကုန်းကျေးရွာနှင့် လွှတ်တိုက်ကျေးရွာ တို့၌ တောင်သူ (၈၉) ဦးက ဧက(၃၃၀)စိုက်ပျိုးထားကြောင်းမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

မျိုးဝင်းညို (ကျွန်းလှ)