ကော့သောင်း၊ စက်တင်ဘာ ၂၂
ကော့သောင်းအခြေစိုက် ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖေါင်ဒေးရှင်း FED အဖွဲ့ နှင့်မိတ်ဖက် Volunteer အဖွဲ့များ ပူးပေါင်းကာ ကိုဗစ်-၁၉ရောဂါထိန်းချုပ်မှုကာလအတွင်း ကော့သောင်းခရိုင် ဆေးရုံကြီးအတွင်း အပြင်သန့်ရှင်းရေး လုပ်ငန်းများအား ယနေ့နံနက်ပိုင်းက စုပေါင်းဆောင်ရွက် ပေးခဲ့ကြကြောင်း သိရသည်။
ဆောင်ရွက်မှုတွင် လတ်တလောကူးစက်ဖြစ်ပွားနေသည့် ကိုဗစ်-၁၉ရောဂါ ပိုးတွေ့လူနာအပါအဝင် နှင့်အခြား လူနာများ ဆေးကုသမှုခံယူလျက်ရှိသည့် ခရိုင်ပြည်သူ့ဆေးရုံကြီးအတွင်း သန့်ရှင်းရေး လုပ်ငန်းများအား တဖက် တစ်လှမ်းမှ ကူညီဖြည့်ဆည်းပေးသည့်အနေဖြင့် ဆေးရုံကြမ်းပြင်များ၊ အိမ်သာများအားဆေးကျောသန့် စင်ပေးခြင်း ၊ ဆေးဝါးကုသမှုခံယူ လျက်ရှိသည့် လူနာဆောင်နံရံများ လူနာကုတင်များအား သန့်စင်ပေးခြင်း လုပ်ငန်းများအပြင် ဆေးရုံအပြင်ဖက် နှင့် ပတ်ဝန်းကျင်ရှိ ခြုံနွယ်ပိတ်ပေါင်းများအားခုတ်ထွင် ရှင်းလင်းပေးခြင်း၊ အမှိုက်သရိုက်များရှင်းသိမ်းဆည်းကာ အမှိုက်စွန့်ပစ်သည့် နေရာများသို့ စနစ်တကျစွန့်ပစ်ပေးခြင်း စသည့် လုပ်ငန်းများအား စုပေါင်း ဆောင်ရွက်ပေးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
ကျော်စိုး (ကော့သောင်း)