တမူးခရိုင်၊ မြို့သစ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် မြို့ဝင်ကျန်းမာရေး စစ်ဆေးရေးဂိတ်၌ အရှိန်အဟုန်မြှင့် စစ်ဆေးဆောင်ရွက်

မြို့သစ် စက်တင်ဘာ ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊မြို့သစ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ်နိုင်ရေး အတွက် မြို့သစ်မြို့၊ တမူး-စေတီကားလမ်းမကြီး၊ ဂေါပုဏ္ဏ‌စေတီ စောင်းတန်း ‌ရှေ့၌ ကျန်းမာရေး စစ်ဆေးဂိတ်ကို ဖွင့်လှစ်ကာ ခရီးသွားပြည်သူများအား ကျန်းမာရေး စစ်ဆေးခြင်းလုပ်ငန်းကို အရှိန်အဟုန်မြှင့် စစ်ဆေးဆောင် ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့သစ်မြို့၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီဝင် များ ပူးပေါင်းပြီး ကျန်းမာ ရေးစစ်ဆေးရေးဂိတ်တွင် ကျန်းမာရေး ဝန်ထမ်းများ ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပရဟိတအဖွဲ့အစည်းများက တမူး-စေတီ ကားလမ်းမပေါ်တွင် ဖြတ်သန်းသွား လာနေသော ယာဉ်ကြီး ယာဉ်ငယ်များမှ ခရီးသွား ပြည်သူများအား အပူချိန် တိုင်းတာစစ်ဆေးခြင်း၊ ခရီးသွားလာသူဦး‌ရေစာရင်း ရေးသွင်း မှတ်သားခြင်းနှင့် ခရီးသွား ပြည်သူများအနေဖြင့် နှာခေါင်းစည်း (Mask) အလေးထား တပ်ဆင်သွားလာရေးတို့ကို ကြပ်မတ်ဆောင်ရွက်လျက်ရှိပြီး ခရီးသည်ဖြတ်သန်းသွားလာမှု စာရင်း များအရ လူဦးရေ (၁၀၀)ကျော်ခန့် နေ့စဉ်ပုံမှန်သွားလာလျက်ရှိကြောင်း သိရသည်။

ထွန်းမင်းအောင်(ကဘော်မြေ)