ကံမမြို့နယ်တွင် ပင်စင်စားများအား နေ့အလိုက်ခွဲခြားသတ်မှတ်၍ စနစ်တကျ ပင်စင် လစာငွေများ ထုတ်ပေး

ကံမ စက်တင်ဘာ ၂၂ 

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့ မြန်မာ့စီးပွားရေးဘဏ်ခွဲမှ အငြိမ်းစား ဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယမန်နေ့ နံနက်ပိုင်းမှစတင်၍ ထုတ်ပေးလျက်ရှိရာ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေး ကာလအတွင်း လူစုလူဝေးမဖြစ်ပေါ်စေရန်အတွက် ရပ်ကွက် ကျေးရွာများမှ  ပင်စင်စားများအား  နေ့အလိုက် ခွဲခြားသတ်မှတ်၍ စနစ်တကျ ပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ထုတ်ပေးရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမ ှထုတ်ပြန်ချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ပင်စင်လာရောက် ထုတ်ယူသူများအနေဖြင့် လိုက်နာရန် စည်းကမ်းချက်များအား အသိပေးကြေညာထားရှိပြီး ကံမမြို့နယ်တွင် မြို့ပြ ပင်စင် ၆၂၃ ဦး၊ကာကွယ်ရေး ပင်စင် ၁၃၈ ဦး၊   နိုင်ငံရေး ပင်စင် ၁၀၆ ဦး နှင့် မြန်မာ့စီးပွားရေးဘဏ် ပင်စင်စား ၇ ဦး စုစုပေါင်းပင်စင်စား ၈၇၄ ဦး ရှိကြောင်း ကံမမြို့မြန်မာ့စီးပွားရေးဘဏ်ခွဲမှ သိရသည်။

ကျော်ဇေယျဝင်း(ကံမ)