ကျောင်းသားလူငယ်များအား  စာပေဗဟုသတများ လေ့လာဖတ်ရှုနိုင်ရေး မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များ စနစ်တကျငှားရမ်းပေး

လိပ်သို   ဒီဇင်ဘာ 

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား/ကျောင်းသူလေးများအား ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးနှင့် အခြားသောအထွေထွေဗဟုသုတများ ရရှိတိုးပွား လာစေရေး သိသင့်သိထိုက်သည်များကို  သိရှိနားလည်လာနိုင်စေရေးအတွက် ဟောပြောပွဲများ၊ နံရံကပ်စာစောင်များနှင့် ဓာတ်ပုံပြပွဲများ စာဖတ်ရှိန်မြင့်မားလာစေရေးအတွက် စာဖတ်စာငှား ပြည်သူ့လက်ဝယ်အရောက် မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များအား စနစ်တကျငှားရမ်းပေး လျက်ရှိကြောင်း သိရသည်။

အဆိုပါ မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များအား စနစ်တကျငှားရမ်းပေးလျက်ရှိရာ  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများမှ ဒီဇင်ဘာလ ၉ ရက်နေ့နေ့လယ် ၁၂ နာရီအချိန်က လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ပြီး စာဖတ်စာငှား စာပေဝါသနာရှင် ကျောင်းသား/သူများအား စာအုပ်စာစောင်များ  ငှားရမ်း ဖတ်ရှုနိုင်ရန်အတွက် တိုင်းရင်းသားရုပ်ပုံပြပုံပြင်စာအုပ်များနှင့် မဂ္ဂဇင်းစာအုပ်များကို စနစ်တကျ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့်  ကျောင်းသား/ ကျောင်းသူ လေးများ အသိပညာဗဟုသုတတိုးပွားစေရေးအတွက် စာအုပ်စာစောင်များကို  လက်ဝယ် အရောက် ငှားရမ်းပေးခြင်းလုပ်ငန်းတို့အပြင် စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများ ပြုလုပ်ပေးခြင်းဖြင့် စာကြည့်တိုက်သို့ မလာရောက်နိုင်သည့်  ဒေသနေပြည်သူများ အသိပညာ ဗဟုသုတတိုးပွားစေရေးအတွက်  Online  မှတစ်ဆင့်  Talk Show အစီအစဉ်များ ရိုက်ကူး ထုတ်လွှင့်တင်ဆက်ပေးခြင်းတို့ကိုလည်း ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ဝန်ဆောင်မှုပေးလျက်ရှိ ကြောင်း သိရသည်။

ခင်လေးနွယ် (လိပ်သို)