တန့်ဆည်မြို့၌ အပြင်ထွက်သည့်အခါတိုင်း နှာခေါင်းစည်း (Mask) တပ်ဆင် သွားလာစေရေး ရှောင်တခင် စစ်ဆေး

တန့်ဆည်   စက်တင်ဘာ   ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့၌ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် အပြင်ထွက်သည့်အခါတိုင်း နှာခေါင်းစည်း (Mask) တပ်ဆင် သွားလာခြင်းမရှိသူများအား ယနေ့နံနက် (၇) နာရီအချိန်က မြို့လယ် အဝိုင်းပတ်၌ ရှောင်တခင် စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ် စည်ပင်သာ ယာရေး အဖွဲ့မှ ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် စေတနာ့ ဝန်ထမ်းများက ရှောင်တခင် စစ်ဆေးစဉ် နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်းမရှိပဲ သွားလာနေသူများအား “ချက်ချင်းဝယ်၊ချက်ချင်းတပ်ဒဏ်ရိုက်ခြင်း စနစ်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ငြိမ်းမင်းထွန်း(တန့်ဆည်)