လှိုင်းဘွဲ စက်တင်ဘာ ၂၂
မြန်မာ့ယဉ်ကျေးမှု သုခုမအနုပညာရပ်များကို မျိုးဆက်သစ်လူငယ်များအကြား လက်မှုပညာ ပန်းဆယ်မျိုးကို ပိုမိုသိရှိတန်ဖိုးထားစေရန် ရည်ရွယ်၍ မြန်မာ့စာတိုက်လုပ်ငန်းမှ ပန်းရန်အထိမ်း အမှတ် (၂၀၀) ကျပ်တန် စာပို့တံဆိပ်ခေါင်းသစ်ကို ယမန်နေ့နံနက်ပိုင်းက စတင်၍ ရောင်းချ ပေးလျက်ရှိကြောင်း သိရသည်။
ပန်းရန်အထိမ်းအမှတ် အထူးထုတ် (၂၀၀) ကျပ်တန် တံဆိပ်ခေါင်းသည် ပန်းဆယ်မျိုးတံဆိပ် ခေါင်းတွင် ငါးကြိမ်မြောက်တံဆိပ်ခေါင်းဖြစ်ပြီး အထူးတံဆိပ်ခေါင်းရဲ့အပေါ်မှာ ပန်းရန်ပညာရပ်ရဲ့ အထိမ်းအမှတ်ဖြစ်တဲ့ အုတ်၊ အင်္ဂတေတွေနဲ့ အဆောက်အဦ တည်ဆောက်နေတဲ့ပုံကို ဒီဇိုင်း ဖော်ညွှန်းထားပြီး အဆိုပါတံဆိပ်ခေါင်းကို တိုင်း/ပြည်နယ်အသီးသီးရှိ စာတိုက်များနှင့် မြို့နယ် စာတိုက်များတွင် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)