လိပ်သိုမြို့လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ် စာစောင်ပြပွဲပြုလုပ်

လိပ်သို ဒီဇင်ဘာ ၉

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ မျိုးဆက်သစ်လူငယ်များ စာဖတ်ရှိန်မြင့်မားလာစေရန်ရည်ရွယ်၍ ယနေ့နေ့လယ် ၁၁ နာရီအချိန်က လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုပ်သံကျွမ်းကျင်-၃ ဦးစောဝေါ်ကွောထူးက စာပေဖတ်ရှုခြင်းဖြင့် အသိပညာတိုးတက်စေသည့်အတွက် ကျောင်းသား/ ကျောင်းသူများ စာဖတ်သည့်အလေ့အထရှိစေရန်နှင့်  စာကြည့်တိုက်သို့လာရောက်၍ စာပေများ လေ့လာစေရန်၊ စာဖတ်ခြင်းဖြင့် ဉာဏ်ရည်ဉာဏ်သွေးများ မြင့်မားလာပြီး အတွေးအခေါ် အယူအဆများ တိုးတက်စေရန်နှင့် ဖြတ်ထိုးဉာဏ် ထက်မြက်သည့်အတွက် စာဖတ်ခြင်းဖြင့် ရရှိသော အကျိုးကျေးဇူးများစွာကို ရရှိစေရန် ယခုလိုဟောပြောပွဲနှင့် အသိပညာပေး နံရံကပ် စာစောင်များကို ပြသပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကိုဗစ်-၁၉ မျိုးကွဲသစ်အိုမီခရွန်အကြောင်း အသိပညာပေးနံရံကပ်စာစောင်နှင့် ပတ်သက်သည့် သိမှတ်ဖွယ် ရာများ၊ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး နံရံကပ်စာစောင် ဆောင်ရွက်ထားရှိမှုများကို ပြသရာ ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာ မှတ်သားခဲ့ကြကြောင်း သိရသည်။

ခင်လေးနွယ် (လိပ်သို)