ပုလောမြို့နယ်၌ ကိုဗစ်−၁၉ ရောဂါကြိုတင်ကာကွယ်ရေး ဆောင်ရွက်နိုင်ရန် ရပ်ကွက်/ကျေးရွာများကို Hand Speaker နှင့် အပူချိန်တိုင်း ကိရိယာများ ထောက်ပံ့ပေးအပ်

ပုလော   စက်တင်ဘာလ   ၂၂

ပုလောမြို့နယ်အတွင်း ကိုဗစ်−၁၉ ကြိုတင်ကာကွယ်နိုင်ရေး ဆောင်ရွက်နေသည့် လုပ်ငန်းများတွင် အထောက်အကူပြုစေရန် ရပ်ကွက်/ကျေးရွာများ ကို  Hand Speaker  များအား ယမန်နေ့ နံနက်(၁၁) နာရီခွဲက ပုလော မြို့နယ်ခန်းမ ၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ ပေးအပ်ရာတွင်  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလွင်က ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများအနေဖြင့် ကိုဗစ်−၁၉ ရောဂါနှင့်ပတ်သက်၍  ဆောင်ရွက် နေသည့် လုပ်ငန်းများတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက် နှင့်အညီ အလေးထား ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ အသိပေးချက်၊ ညွှန်ကြားချက်များကို အချိန်နှင့်တစ်ပြေးညီ ပြည်သူများသိရှိနိုင်ရန် ကြေညာနိုင်ရေးအတွက် အထောက်အကူပြုသည့် Hand Speaker  များ ထောက်ပံ့ပေးရခြင်း ဖြစ်ကြောင်း ပြောကြားပြီး၊ ရပ်ကွက်/ကျေးရွာအုပ်စု (၄၀)အတွက် Hand Speaker (၄၀)လုံးနှင့် အပူချိန်တိုင်း ကိရိယာ (၃၁)ခု ကို ရပ်ကွက် /ကျေးရွာ အုပ်ချုပ်ရေးမှူး များထံ လက်၀ယ် အရောက်ပေးအပ်ခဲ့ ကြောင်း သိရှိရသည်။
အေးအေးမော် (ပုလော ပြန်/ဆက်)