ကန့်ဘလူမြို့၌ ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်း များဆောင်ရွက်ပေး

ကန့်ဘလူ ဒီဇင်ဘာ ၉

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ဦးတည်အုပ်စုများအလိုက် ရဟန်းရှင်လူပြည်သူများ၊ အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများနှင့်အသက် ၅ နှစ်မှ ၁၈ နှစ်ကြား ကျောင်းသားကျောင်းသူများအား ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးများကို စဉ်ဆက်မပြတ် ထိုးနှံပေးလျက်ရှိရာ ဒီဇင်ဘာ ၉ ရက်နံနက်ပိုင်းက ကန့်ဘလူမြို့ စည်ပင်သာယာခန်းမ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာတွင် အသက် ၁၈ နှစ်နှင့်အထက်ပြည်သူများအား ပထမအကြိမ်၊ ဒုတိယအကြိမ်နှင့်ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးခြင်းများကို ကိုဗစ်- ၁၉ ရောဂါ စည်းကမ်းချက်များနှင့်အညီ ကျန်းမာရေးဝန်ထမ်းများက စနစ်တကျထိုးနှံပေး လျက်ရှိသည့်အပြင် ကျန်းမာရေးဆေးပေးခန်းဖွင့်လှစ်၍ လာရောက်ပြသသူ ပြည်သူများ၏ ရောဂါဝေဒနာ အလိုက် အခမဲ့စမ်းသပ်စစ်ဆေး ကုသပေးခြင်းများ ဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။

ထိုသို့ ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့်အခမဲ့ ကျန်းမားရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးနေမှုတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ခေတ္တမြို့နယ်ရဲမှူး မိုးမိုးနှင့်ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆန်းလင်းအောင်တို့က လာရောက်ကြည့်ရှု အားပေးခဲ့ကြောင်းနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင်လည်း ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)