ပြည် ဒီဇင်ဘာ ၉
ပြည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်မြို့ဆုံစည်းရာစာဖတ်ဝိုင်း(Book Club)အဖွဲ့တို့ လစဉ်ပူးပေါင်းဆောင်ရွက်သည့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၉ နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကျင်းပပြုလုပ်သည်။
စာဖတ်ဝိုင်းတွင် ဆုံစည်းရာစာဖတ်ဝိုင်း(Book Club)အဖွဲ့မှ နာယကဆရာကြီးများနှင့် အဖွဲ့ဝင်စာရေး ဆရာ၊ ကဗျာဆရာနှင့် စာပေဝါသနာရှင်များက ၎င်းတို့၏ စာပေဘဝအတွေ့ကြုံများ၊ ဖတ်မှတ်လေ့လာထားသော သုတ/ရသစာပေအကြောင်းအရာများနှင့် စာပေကဏ္ဍဖြင့် ဒေသတွင်းလူငယ်အသိပညာပေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မည့်အကြောင်းအရာများကို အပြန်အလှန်နှီးနှောဖလှယ် ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
ကိုဆက်(ပြန်/ဆက်)