ပေါက်ခေါင်း ဒီဇင်ဘာ ၉
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်တွင် ဒေသတွင်းစားသုံးဆီဖူလုံရေးအတွက် ဒေသခံတောင်သူများက စိုက်ပျိုးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံစုံ ၁၀၉၉၉ ဧကစိုက်ပျိုးရန်လျာထားဆောင်ရွက်ပြီး လျာထားချက်ပြည့်မီရေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပေါက်ခေါင်းမြို့နယ်တွင် ဆောင်းနေကြာကိုဧက ၈၃၀ စိုက်ရန်လျာထားသည့်အနက် ယမန်နေ့အထိ စိုက်ပျိုးပြီးစီးမှု ၆၆၉ ဧကရှိပြီဖြစ်ကြောင်း၊ ဆောင်းနေကြာစိုက်ပျိုးသည့်တောင်သူများအား နေကြာမျိုးကောင်းမျိုးသန့်များ၊ ယူရီးယားဓာတ်မြေဩဇာများကို သက်သာသောဈေးနှုန်းများဖြင့်ရောင်းချပေးခြင်း၊ စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများကစိုက်ပျိုးရေးနည်းပညာများကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိပြီး အခြားဆီထွက်သီးနှံများဖြစ်သည့် မြေပဲ ၅၇၁၇ ဧက၊ နှမ်း ၄၄၅၂ ဧကကိုလျာထားစိုက်ပျိုးလျက်ရှိရာ လျာထားချက်ပြည့်မီရေးနှင့် လျာထားချက်ထက်ကျော်လွန်စိုက်ပျိုးနိုင်ရေး ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)