ကျောင်းကုန်း ဒီဇင်ဘာ ၉
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်ကျောင်းကုန်းမြို့နယ်အတွင်း တရားဥပဒေစိုးမိုးရေး၊ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ကာကွယ်ရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါသော စစ်ကြောင်းကြီး(၅)ကြောင်းနှင့်ဒေသခံပြည်သူများ တွေ့ဆုံပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်ခန့်က တံခွန်တိုင်အုပ်စု တလုတ်ကုန်းကျေးရွာရွှေပန်းတောင်း ဘုန်းကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
တွေ့ဆုံပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး နေဝင်းနောင်၊ အဖွဲ့ဝင်(၂) ဦးတင်မောင်၊ အဖွဲ့ဝင်(၃)ဦးမင်းသူအောင်တို့ကြီးကြပ်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာ များပါသော စစ်ကြောင်းကြီး(၅)ကြောင်းသည် ရပ်ကွက်နှင့်ကျေးရွာအုပ်စု(၇၀)ရှိသည့်အနက် (၅၆)အုပ်စုမြောက် တွေ့ဆုံခြင်းဖြစ်သည်။ တံခွန်တိုင်အုပ်စုရှိ ပြည်သူ့လုံခြုံရေးအဖွဲ့ဝင် (၅၆)ဦးနှင့်ဒေသခံပြည်သူ(၄၇၉)ဦး၊ စုစုပေါင်း(၅၃၅) တို့အား လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကိစ္စရပ်များ၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စများ၊ ဆွေးနွေးပြောကြားပြီး၊ စားသုံးဆီ ဖူလုံစေရေး နေကြာကို စိုက်ပျိုးကြဖို့၊ ယာဉ်အန္တရာယ်/ လမ်းအန္တရာယ် ကင်းဝေးစေရေးအတွက် ဆိုင်ကယ်စီးနင်း/မောင်းနှင်ရာတွင် မေးသိုင်းကြိုး ပါသော ဦးထုပ်ကို ဆောင်းပြီး မောင်းနှင်စေရေး၊ နှစ်ယောက်ထက်ပိုမစီးရေး စသည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို သိရှိလိုက်နာစေရန်၊ ည(၁၂)နာရီမှ နံနက် (၄) နာရီအချိန်ထိ ညမထွက်ရ ဒေသန္တရအမိန့်ထုတ်ပြန်ထားကြောင်း အသိပညာပေး ဟောပြော ခဲ့ကြသည်။
တွေ့ဆုံပွဲသို့တက်ရောက်လာသော ဒေသခံပြည်သူတစ်ဦးက ကျေးရွာအတွင်း၌ ဆောက်ထားသော ဓာတ်ငွေ့သုံးဆန်စက်ကြောင့် ကျန်းမာရေးမကောင်းသော သက်ကြီး ရွယ်အိုများနှင့် ဒေသခံများမှာ ဓာတ်ငွေ့အနံ့ဆိုး၊ဖုန်မှုန့်များကြောင့် ကျန်းမာရေးထိခိုက် လျက်ရှိသဖြင့် သက်ဆိုင်ရာမှအမြန်ဆုံးစစ်ဆေးပေးပါရန် တင်ပြခဲ့ပြီး၊ မိမိတို့ကျေးရွာ ဖွံ့ဖြိုးတိုး တက်ရေးအတွက် သိရှိလိုသည်များ မေး မြန်းရာ တာဝန် ရှိသူများက ပြန်လည်ဖြေ ကြားပေးခဲ့ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)