သနပ်ပင် ဒီဇင်ဘာ ၉
သနပ်ပင်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ အထက(သနပ်ပင်)ကျောင်း၌ ကျောင်းသားကျောင်းသူလေးများ စာဖတ်စွမ်းရည် ပိုမိုတိုးတက်လာစေရန် ရည်ရွယ်၍ ယမန်နေ့ နံနက်ပိုင်းက အသိပေးဟောပြောပွဲလုပ်ငန်း များဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာန ဦးစီးအရာရှိ ဒေါ်ညိုပြာမှ ကျောင်းသားကျောင်းသူများ စာအုပ်၊ စာပေကို လေ့လာဖတ်ရှုမှု ပိုမိုတိုးပွားလာစေရန်၊ စာပေဖတ်ခြင်းကြောင့် အသိဉာဏ် ပညာဗဟုသုတများ တိုးပွားလာစေရန်၊ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ စာဖတ်သည့် အလေ့အကျင့် ကောင်းရရှိစေရန်ရည်ရွယ်၍ Mobile Library ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ကျောင်းသားကျောင်းသူများကို သုတ၊ ရသ၊ ရုပ်ပြ၊ တေဇ၊ မဂ္ဂဇင်း/ စာစောင် စသည့် စာအုပ်များ ဖတ်ရှုစေပြီး မိမိတို့ကြိူက်နှစ်သက်ရာ စာအုပ်စာစောင်များကို အခမဲ့ငှားရမ်းပေးခြင်း ဆောင်ရွက်ခဲ့ကြသည်။
လှမိုး(ပြန်/ဆက်)