ခရိုင်စိုက်တိုးမြှင့်အဖွဲ့မှ မြို့နယ်၊ ရပ်ကွက်ကျေးရွာစိုက်တိုးမြှင့်အဖွဲ့များနှင့် ဆောင်းနေကြာသီးနှံ ရာနှုန်း ပြည့်စိုက်ပျိူးနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

လေးမျက်နှာ ဒီဇင်ဘာ ၈

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် အထွေထွေအုပ်ချူပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက်ပိုင်း၌ ခရိုင်စိုက်တိုးမြှင့်အဖွဲ့မှ မြို့နယ်၊ ရပ်ကွက်ကျေးရွာ စိုက်တိုးမြှင့်အဖွဲ့များနှင့် ဆောင်းနေကြာသီးနှံ ရာနှုန်းပြည့်စိုက်ပျိူးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့သည်။

ရှေးဦးစွာ ခရိုင်စိုက်တိုးမြှင့်အဖွဲ့ခေါင်းဆောင် ခရိုင်စိုက်ပျိူးရေးဦးစီးမှူးဦးသော်ဇင်မောင်နှင့် အဖွဲ့ဝင်ခရိုင်စီမံကိန်းဦးစီးမှူးဦးအောင်မြင့်တို့မှ ဟင်္သာတခရိုင်အတွင်းရှိ မြို့နယ်များတွင် စိုက်ပျိူးမည့် ဆောင်နေကြာသီးနှံလျာထားဧကများ၊ လေးမျက်နှာမြို့နယ်တွင် စိုက်ပျိူးမည့် လျာထားဧကများနှင့် ဆောင်းနေကြာသီးနှံဖြစ်ထွန်းအောင်မြင်စေရေး အစီအမံများကို ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စိုက်တိုးမြှင့်အဖွဲ့ ဥက္ကဋ္ဌမြို့နယ် အုပ်ချူပ်ရေးမှူး ဦးသိန်းဆိုင်၊ မြို့နယ်စိုက်တိုးမြှင့်အတွင်းရေးမှူး မြို့နယ်စိုက်ပျိူးရေးဦးစီးမှူးဦးစောဝင်းရွှေနှင့် တွဲဖက်အတွင်းရေးမှူးဦးသက်နိုင်မိုးတို့မှ တောင်သူများအား နေကြာမျိူးကောင်းမျိူး သန့်များဖြစ်သည့် ရေဆင်းစပ်မျိူးနေကြာ-၁မျိူးများကို ဖြန့်ဝေထားကြောင်း၊ နေကြာစိုက် ခင်းများ အောင်မြင်ဖြစ်ထွန်းစေရန် မြို့နယ်စိုက်ပျိူးရေးဦးစီးဌာနမှ စိုက်ကွင်းတာဝန်ခံ ဝန်ထမ်းများထားရှိ၍ စိုက်ပျိူးရေးနည်းပညာများကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နေကြာစိုက်ခင်းတစ်ဧကလျှင် အိတ်တစ်ဝက်နှုန်းဖြင့် ယူးရီးယားမြေဩဇာအား ဈေးနှုန်းချိူ သာစွာ ဖြန့်ဖြူးပေးနေကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသော ရပ်ကွက်ကျေးရွာစိုက်တိုးမြှင့်အဖွဲ့ဝင်များမှ ဆောင်းနေ ကြာ စိုက်ပျိူးထားရှိမှု အခြေအနေများကို တင်ပြရာ ခရိုင်စိုက်တိုးမြှင့်အဖွဲ့ခေါင်းဆောင် ခရိုင်စိုက်ပျိူးရေး ဦးစီးမှူးဦးသော်ဇင်မောင်မှ လိုအပ်သည်များကို ထပ်မံဆွေးနွေး ပြောကြား ခဲ့သည်။ လေးမျက်နှာမြို့နယ်တွင် ပြည်တွင်းစားသုံး ဆီဖူလုံရေးအတွက်ရည်ရွယ်၍ ဆီထွက်သီး နှံနေကြာ(၁၁၀၃၅)ဧက စိုက်ပျိူးသွား မည်ဖြစ်ကြောင်း သိရသည်။

ကျော်ဟိန်း(ပြန်/ဆက်)