ကလိန်အောင်မြို့တွင် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို စကားပုံဆက်ပြိုင်ပွဲ ဆောင်ရွက်

ကလိန်အောင်  ဒီဇင်ဘာ ၈

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်‌ရေးနေ့အထိမ်းအမှတ်အကြို စကားပုံဆက်ပြိုင်ပွဲကို ယနေ့မွန်းလွဲ (၂) နာရီက ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။

ရှေးဦးစွာ ပြိုင်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး (တာဝန်ပေး) ဒေါ်ခင်ခင်လဲ့က ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့တွင် ရောက်ရှိမည့် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်‌ရေးနေ့ကို ကြိုဆိုဂုဏ်ပြု‌သောအားဖြင့် အနာဂတ် မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများအ‌နေဖြင့် မြန်မာနိုင်ငံ၏ နေ့ထူးနေ့မြတ်များအကြောင်း သိရှိစေရန်၊ မှတ်သားအတုယူနိုင်စေရန်၊ ကျောင်းစာအပြင် ပြင်ပဗဟုသုတများရရှိစေရန် အတွေးအခေါ်ရင့်သန်လာစေရန်၊ စာပေအကျိုးကျေးဇူးများကို သိရှိစေရန်၊ အသိပညာဗဟုသုတ များ တိုးပွားလာစေရန်၊ စာပေတန်ဖိုးကိုသိ‌ရှိ‌ပြီး လေ့လာမှတ်သားတတ်စေရန်နှင့် စာဖတ် ပရိတ်သတ်များ တိုးပွားလာ‌စေရန်၊ စာကြည့်တိုက်ကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ လူငယ်လူရွယ်များ အာရုံစူးစိုက်လေ့လာမှုနှင့် ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်လာစေရန် အသိပညာ ဗဟုသုတများ တိုးပွားရရှိစေရန်အတွက် စာအုပ်စာပေချစ်မြတ်နိုးသူများ ပိုမိုတိုးပွားလာစေရန် စသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောပြခဲ့ပြီး ပြိုင်ပွဲကို အ-ထ-က၊ ကလိန်အောင်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၂၅) ဦး ဝင်ရောက်ယှဉ်ပြိုင်ကြပြီး အကောင်းဆုံးပါဝင် ယှဉ်ပြိုင်နိုင် သူများအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

ခင်ခင်လဲ့(ကလိန်အောင်)