တနိုင်း ဒီဇင်ဘာ ၈
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်၊ ဒူးကောင်းရပ်ကွက်၊ ရွှေဘုန်းအောင်လံကျောင်း အတွင်း တည်ထားကိုးကွယ်အပ်သော “ပြည်လုံးချမ်းသာသုံးပါးကပ်ကျော်” ဆုတောင်းပြည့် စေတီတော်မြတ်ကြီးအား ရွှေထီးတော်တင် မင်္ဂလာလှူပူဇော်ပွဲကို ယမန်နေ့ နံနက်ပိုင်းက စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ နမောတဿ (၃) ကြိမ်ရွတ်ဆို ဘုရားရှိခိုးကန်တော့ကြပြီး တောင်တန်းသာသနာပြု မြို့မကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တစန္ဒနာလင်္ကာရသဒ္ဒဓ္မဇောတိကဓဇထံမှ (၉) ပါးသီလခံယူ ဆောက်တည်ကြ၍ ဆရာတော်အရှင်သူမြတ်များမှ ပရိတ်တရားတော်များချီးမြှင့်ကာ ရွှေထီးတော်စိန်ဖူးတော် ငှက်မြတ်နားတော်ထီးတော် ဘုံအဆင့်ဆင့်တို့ကို ဆရာတော်များထံဆက်ကပ်ခြင်း အလှူရှင် ဘုရားဒါယိက၊ ဒါယိကာမများမှ လှူဖွယ်ပစ္စည်းဝတ္ထုများ ဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်းမှုအစုစုအတွက် အနုမောဒနာတရားနာယူ၍ ရေစက်သွန်းချ အမျှပေးဝေကြသည်။
ထို့နောက် မင်္ဂလာအချိန်ဖြစ်သော နံနက် (၁၁) နာရီခွဲတွင် “ပြည်လုံးချမ်းသာသုံးပါးကပ် ကျော်”စေတီတော်မြတ်အားလက်လျာရစ် (၃) ကြိမ်လှည့်လည်ပူဇော်၍ ရွှေထီးတော်အား နားနေဆောင်သို့ပင့်ဆောင်ကြကြောင်းနှင့် ရွှေဘုန်းအောင်လံကျောင်းအတွင်း တည်ထားကိုးကွယ် အပ်သော “ပြည်လုံးချမ်းသာသုံးပါးကပ်ကျော်” စေတီတော်မြတ်ကြီးအား ရွှေထီးတော်တင်လှူရာတွင် တနိုင်းမြို့၊ ရွှေဘုန်းအောင်လံကျောင်းဆရာတော် ဘဒ္ဒန္တဝိစာရ ဦးစီး၍ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (တနိုင်း) ဒေသကွပ်ကဲရေးမှုး ဗိုလ်မှူးချုပ် မိုးကျော်သူနှင့် ဇနီးဒေါ်ဝေမီသိန်း မိသားစုဦးဆောင်မှုဖြင့် တနိုင်းတပ်နယ်အတွင်းရှိ အရာရှိ/ အရာခံ/ အကြပ်/ စစ်သည်များ၊ ခရိုင်/ မြို့နယ်ဌာန ဆိုင်ရာအကြီးအကဲများ၊ မြို့သူ/ မြို့သားများ ခုနှစ်ရက်သားသမီးတို့ စုပေါင်းလှူးဒါန်းမှုဖြင့် တည်ထားကိုးကွယ်အပ်သော “ပြည်လုံးချမ်းသာ သုံးပါးကပ်ကျော်”ဆုတောင်းပြည့် စေတီတော်မြတ်ကြီးအား ထီးတော်တင်ပွဲတွင် ဆရာတော်၊ သံဃာတော်များ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်အောင်မျိုးဦး၊ ဒုခရိုင်အုပ်ချုပ်ရေးမှူး ဦးမင်းနိုင်အောင်၊ ခရိုင်ယာယီဒုတိယရဲမှူးကြီး ဌေးဦး၊ ခရိုင်စီမံအုပ်ချုပ်အဖွဲ့ဝင် ဦးဇော်ဇော်ထက်၊ ခရိုင်ပညာရေးမှူး ဦးအောင်ဆွေ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအောင်စိုး၊ အဖွဲ့ဝင်ဗိုလ်မှူးတေဇာအောင်နှင့် ဌာနဆိုင်ရာ အကြီးအကဲ များရပ်မိရပ်ဖများ မြို့သူ/မြို့သားများစုပေါင်း ရွှေထီးတော်တင်လှူခဲ့ကြကြောင်း သိရသည်။
ပန်းအိ (ပြန်/ဆက်)