မြင်းမူမြို့နယ် ပြန်/ဆက်ဦးစီးဌာနတွင် “ အစိမ်းရောင်စီးပွားရေးကဏ္ဍ”  အကြောင်း သိကောင်း စရာ Talk Show ကျင်းပ

မြင်းမူ      ဒီဇင်ဘာ   ၈

မြင်းမူမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနတို့ပူးပေါင်း၍ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းနိုင်ရေးအတွက် “အစိမ်းရောင်စီးပွားရေး ကဏ္ဍ(Green Economy) အကြောင်းသိကောင်းစရာ Talk Show ကျင်းပဆောင်ရွက် ခြင်းကို ဒီဇင်ဘာလ(၈)ရက်နေ့၊ မွန်းလွဲပိုင်းက အဆိုပါရုံးရှိ လူထုအခြေပြု ဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ ကြောင်းသိရသည်။

Talk Show ကျင်းပဆောင်ရွက်ရာတွင် မြင်းမူမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ    ဦးနေလင်းအောင်က   Talk Show ကျင်းပဆောင်ရွက်ရခြင်း   ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူးက အစိမ်းရောင်စီးပွားရေးဆိုတာဘာလဲ၊ Green Economy မှာ ဘယ်လိုကဏ္ ဍတွေပါဝင်သလဲ၊ Green Economy လုပ်ဆောင်ရခြင်းရည်ရွယ်ချက်နဲ့ အကျိုးကျေးဇူးတွေက ဘာတွေလဲ၊ ပတ်ဝန်းကျင်ထိန်း သိမ်းရေးကဏ္ဍနဲ့ Green Economy ဆက်စပ်ပုံ စသည့်အကြောင်း အရာများကို ဦးဆောင်ဆွေးနွေးပေး ခဲ့သည်။

မြင်းမူမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအသိပညာ ဗဟုသုတများရရှိနိုင်စေရန် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ချိတ်ဆက်ပူးပေါင်း၍ Talk Show များ ဆောင်ရွက်ခြင်း၊ စာဖတ်ဝိုင်းများ၊စာအုပ်/ စာစောင်ပြပွဲများ၊  ကျောင်းသား/ ကျောင်းသူများအား ပြပွဲ/ ပြိုင်ပွဲ ကျင်းပပေးခြင်းတို့ကို စဉ်ဆက်မပြတ် ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြင်းမူ(ပြန်/ဆက်)