ပန်းတနော်မြို့နယ်တွင် အခြေခံပညာကျောင်းပေါင်းစုံ ကျောင်းသားအားကစားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေး လူရွေးချယ်ပွဲကျင်းပ

ပန်းတနော်  ဒီဇင်ဘာ   ၈

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ်တွင် ကျန်းမာကြံ့ခိုင်ပြီးစည်းကမ်းရှိ၍ အရည်အသွေး မြင့်မားသော ကျောင်းသားလူငယ်အားကစားသမားများပေါ်ထွန်းလာစေရေး အတွက် ၂၀၂၂- ၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် အခြေခံပညာကျောင်းပေါင်းစုံ ကျောင်းသားအား ကစားပြိုင်ပွဲများတွင် ပါဝင်ယှဉ်နိုင်ရေး လူရွေးချယ်ပွဲများ ကျင်းပပြုလုပ် လျက်ရှိကြောင်း သိရသည်။

၂၀၂၂- ၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် အခြေခံပညာကျောင်းပေါင်းစုံ ကျောင်းသားအား ကစားပြိုင်ပွဲကို ဒီဇင်ဘာလ ၉ ရက်မှ ၁၁ ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ရာ မြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသားလူငယ်များကို အဆိုပါအားကစား ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် လူရွေးချယ်ပွဲများ ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။

ပြည့်ဖြိုးကျော်(ပြန်/ ဆက်)