ထန်းတပင် (ပဲခူး) ဒီဇင်ဘာ ၈
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်း(Book Club) အဖွဲ့တို့ပူးပေါင်း၍(Community Centre)ခန်းမတွင် ကျောင်းသား၊ လူငယ်များ စာပေဖတ်ရှုသည့်အလေ့အကျင့်များရရှိစေရေး၊ တစ်ဦးနှင့်တစ်ဦးအပြန်အလှန်ဆွေးနွေးတတ်သည့် အလေ့အကျင့်များရရှိစေရေး စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်စေရေး၊ မိဘဆရာများအပေါ်ရိုသေကိုင်းရှိုင်းတတ်စေရန်ရည်ရွယ်၍ စာရေးဆရာဒေါက်တာမတင်ဝင်းရေးသားသည့် လူငယ်များနှင့်စကားပြောခြင်းစာအုပ်ဖြင့် ယနေ့မွန်းလွဲပိုင်းက စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါစာဖတ်ဝိုင်းကိုစာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်း(Book Club)အဖွဲ့၀င် ဦးသန့်ဇင်ဦးနှင့်အဖွဲ့ဝင်များက စာအုပ်ပါခေါင်းစဥ်များမှ လင်းထက်မိုးစည်၊ မောင်သီဟ၊ မောင်မောင်ချို၊ ညီလှဒွေးစသည့်အကြောင်းအရာများကို တက်ရောက်လာသော စာပေဝါသနာရှင်များအချင်းချင်း အမြင်ခြင်းဖလှယ်ကာအပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)