ရွှေတောင်မြို့နယ်တွင် မှော်ဘီ - ၂ ( ၁)ဧက မိုးစပါးစံပြကွက်ရိတ်သိမ်းပွဲကျင်းပ

ရွှေတောင် ဒီဇင်ဘာ ၈

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ရွှေတောင်မြို့နယ် ကြို့ကုန်းကျေးရွာအုပ်စု၊ ဒေါင်းဇွန်ကျေးရွာကွင်းအမှတ် (၄၂၁) မင်းရွာကွင်းရှိ တောင်သူဦးခင်အေးနိုင်၏ စက်မှုလယ်ယာဧကစံပြကွက် မှော်ဘီ - ၂ (၁)ဧက မိုးစပါးစံပြကွက်ရိတ်သိမ်းပွဲ အခမ်းအနားကို ယနေ့နံနက်၈နာရီ ကကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနား သို့ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်စိုက်/ ကြပ်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင် နှင့်အဖွဲ့ဝင်များ၊ မြို့နယ် စိုက်/ ကြပ်အဖွဲ့ဝင်များ၊ ဌာနဆိုင်အကြီးအကဲများ၊ ရပ်ကွက်/ ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများ၊ ဒေသခံတောင်သူများ စုစုပေါင်း အင်အား (၇၅) ဦး ခန့်တက်ရောက်ခဲ့ပြီး မှော်ဘီ - ၂ (၁)ဧကမိုးစပါးစံပြကွက်ရိတ်သိမ်းရာ ( ၈၇. ၆၉) တင်း ထွက် ရှိခဲ့ကြောင်း သိရသည်။

ကိုကိုမင်း ( ပြန်/ ဆက်)