သရက်ချောင်းမြို့နယ်တွင် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ရုပ်ပုံပြပုံပြောခြင်းဆောင်ရွက်

သရက်ချောင်း  ဒီဇင်ဘာ   ၈

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ရုပ်ပုံပြပုံပြောခြင်းကို ‌ယနေ့နံနက် ၁၀ နာရီခွဲက သရက်ချောင်းမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Center) ခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အေးနွယ်ဝင်းက ကျောင်းသား/သူများ စာပေလေ့လာဖတ်ရှုခြင်းဖြင့် အသိပညာတိုးပွားလာပြီး အမှားအမှန် ဝေဖန်ပိုင်းခြားတတ်စေရန်၊ စာဖတ်တဲ့သူနှင့် စာမဖတ် တဲ့သူ အသိပညာကြွယ်ဝမှုခြင်းမတူညီကြောင်း၊ စာကြည့်တိုက်သို့ လာရောက်၍ စာအုပ်/စာပေများ လေ့လာခြင်းဖြင့်အချိန်ကို အကျိုးရှိစွာ အသုံးချရန်လိုကြောင်း စသည့် အကြောင်းအရာများဖြင့် အကျယ်တဝင့်ပြောကြားခဲ့ပြီး ခေါင်းတူးစာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ရေးသားပြုစုသည့် "သူစိမ်းဆိုရင်သတိထား" ခေါင်းစဉ်ဖြင့်  (အ.ထ.က) သရက်ချောင်းကျောင်းမှ ကျောင်းသား/သူများအား ရုပ်ပုံပြပြီးပုံပြင်ပြောပြခဲ့ကြောင်း သိရသည်။

သားကြီး (သရက်ချောင်း)