အထက်မင်းလှ ဒီဇင်ဘာ ၈
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံ ပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို ယနေ့ နံနက်(၉)နာရီကမင်းလှအခြေခံ ပညာအထက်တန်းကျောင်း မင်းလက်ဝါးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မင်းလှမြို့နယ် တာဝန်ခံပညာရေးမှူး ဒေါ်ခင်သန်းဌေးက အဖွင့်အမှာစကားပြောကြားပြီး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ် ဇာဇာငြိမ်းက ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဆိုတဲ့ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်၊ လူငယ်များအတတ်ပညာနှင့် ကျင့်ဝတ်တန်ဖိုးမြှင့် တင်ပေးရန်၊ စကားပြောအတတ်ပညာများ ကျွမ်းကျင်တတ်မြောက်ပြီး လူအများရှေ့တွင် ရဲဝံ့စွာပြောဆိုတတ်စေရန်၊ လူငယ် အချင်းချင်း တစ်ဦးနှင့် တစ်ဦးရင်းနှီးခင်မင်ကာ ပူးပေါင်းဆောင်ရွက်နိုင်တဲ့ အလေ့အကျင့်ကောင်းများရရှိစေရန်၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစာပညာရပ်များသာမ ပြင်ပစာအုပ်စာပေတို့ကို လေ့လာခြင်းဖြင့် အသိပညာများဖွံ့ဖြိုးပြီး နိုင်ငံ့သားကောင်းလူငယ်များ ဖြစ်လာစေရန် ရည်ရွယ်၍ကျင်းပပြုလုပ်ခြင်း ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ လူငယ်ကားဝိုင်းကိုကျင်းပရာ Grade-10 နှင့် Grade-11 ကျောင်းသား၊ ကျောင်းသူများ (၆)ဦးတို့က ဆွေးခဲ့ကြရာ Grade -10ကျောင်းသူ မလင်းရူပါမင်းက “လူငယ်နှင့်ပညာရေး"၊" Grade-11 ကျောင်းသူမခိုင်ဖူးဝေက "လူငယ်နှင့်ကျန်းမာရေး"၊ Grade-10 ကျောင်းသား မောင်မင်းသုကျော်က“လူငယ်နှင့် ပေါင်းသင်းဆက်ဆံရေး”၊ Grade-10 ကျောင်းသူမခင်သော်တာငြိမ်းက “လူငယ်နှင့်ကြီးပွားရေး"၊ Grade10 ကျောင်းသူ မအိမ့်ချမ်းပြည့်က "လူငယ်နှင့်ယဉ်ကျေးမှု’’၊ Grade-11 ကျောင်းသား မောင်ဇော်ထက် အောင်က "လူငယ်နှင့်ခေါင်းဆောင်မှုကဏ္ဍ” စသည့်ခေါင်းစဉ်တို့ဖြင့် ၎င်းတို့ဖတ်ရှုလေ့လာ ထားသည်များကို ဆွေးနွေးကြရာတက်ရောက်လာသည့် ကျောင်းသား၊ကျောင်းသူများက သိလိုသည်များအား ပူးပေါင်းပါဝင်မေးမြန်းဆွေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)