သနပ်ပင် ဒီဇင်ဘာ ၈
သနပ်ပင်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးဝန်ထမ်းများက ယနေ့ နံနက်ပိုင်းက ရွေ့လျားစာကြည့်တိုက် Mobile Library ဖြင့် အခြေခံပညာအထက်တန်းကျောင်း အထက(သနပ်ပင်) ကျောင်းသားကျောင်းသူလေးများ စာဖတ်စွမ်းရည် ပိုမိုတိုးတက်လာစေရန် ရည်ရွယ်၍ အသိပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် သနပ်ပင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ဝန်ထမ်းများက စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများအား စာအုပ်၊ စာပေကို လေ့လာဖတ်ရှု့မှု ပိုမိုတိုးပွားလာစေရန်၊ စာပေဖတ်ခြင်းဆကြာင့် အသိဉာဏ် ပညာဗဟုသုတများ တိုးပွားလာစေရန်၊ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် စာဖတ်ရှိန် မြှင့်တင်ရေးကို ရည်ရွယ်၍ Mobile Library ဖြင့် သုတ၊ ရသ၊ ရုပ်ပြ၊ တေဇ၊ မဂ္ဂဇင်း/ စာစောင် စသည့် စာအုပ်များကို စိတ်ပါဝင်စားစွာ ဖတ်ရှုခဲ့ကြောင်း သိရသည်။
လှမိုး(ပြန်/ဆက်)