သရက်ချောင်း ဒီဇင်ဘာ ၈
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ၂၀၂၃ခုနှစ်၊ ဇန်နဝါရီ လ (၄)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ဆေးရောင်ခြယ်ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က သရက်ချောင်းမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Center)ခန်းမတွင် ဆောင်ရွက်ခဲ့သည်။
အဆိုပါပြိုင်ပွဲတွင် သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းခလိုက်ရှုက ကျောင်းသား/သူများ၏ ကာယ၊ ဉာဏ၊ စာရိတ္တဘက်စုံဖွံ့ဖြိုး တိုးတက်လာစေရန်၊ ဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်လာစေရန်၊ အနာဂတ်တွင် ထွန်း တောက်သောလူငယ်၊ လူရွယ်များဖြစ်ပေါ်လာစေရန်၊ အရောင်များကို စနစ်တကျရွေးချယ်တတ်စေရန်၊ တီထွင်ဖန်တီးမှုစွမ်းရည်မြှင့်မားလာစေရန်၊ အသိပညာတိုးပွားလာစေရန်ရည်ရွယ်၍ ယခုလိုပြိုင်ပွဲများ ပြုလုပ်ရခြင်းဖြစ်ကြောင်းသိရသည်။
ဆက်လက်၍ သရက်ချောင်းမြို့၊(အ.ထ.က)သရက်ချောင်းကျောင်းမှ ကျောင်းသား/သူ (၂၀)ဦးတို့က ဝင်ရောက်ယှဉ်ပြိုင်ကြရာဆုရရှိသည့် ကျောင်းသား/သူများအား လက်ဆောင်ပစ္စည်များပေးအပ်ခဲ့ကြောင်း သိရသည်။
သားကြီး(သရက်ချောင်း)