နတ်မောက်မြို့၌ သဘာ၀ဘေးအန္တရာယ်အသိပညာပေး ဟောပြောပွဲကျင်းပ

နတ်မောက် ဒီဇင်ဘာ ၈

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ သဘာ၀ဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက်(၉)နာရီအချိန်က အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးမှူးဦးစည်သူလွင်က သဘာ၀ဘေးအန္တရာယ် ဆိုင်ရာအကြောင်းအရာများဖြစ်သည့် မီးဘေး၊ လေဘေး၊ ရေဘေးနှင့် ငလျင်ဘေးဆိုင်ရာ  အကြောင်းအရာများမှ ရှောင်ရန်/ဆောင်ရန် အကြောင်းအရာများကို ပရိုဂျက်တာဖြင့် အသိပညာပေးရှင်းလင်း ပြောကြားခြင်းနှင့် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေါ်ဖြိုးအိအိဇော်က (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ် ရေးနေ့အထိမ်းအမှတ် အသိပညာပေးအကြောင်းအရာများ၊ လူငယ်နှင့်ဝါသနာ ခေါင်းစဉ်ဖြင့် အသိပညာပေး ရှင်းလင်းပြောကြားခဲ့သည်။ဆက်လက်၍ မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာဦးစီးမှူး ဦးစည်သူလွင် ကသဘာ၀ဘေး အသိပညာပေး ဗီနိုင်းပိုစတာကို အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်းအုပ်ဆရာကြီး ဦးမင်းဆွေအား ပေးအပ်ခဲ့သည်။ နတ်မောက်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့တို့မှ ကိုဗစ်-၁၉ရောဂါ ကာကွယ်နိုင်ရေးအတွက် သဘာ၀ဘေးအန္တရာယ် အသိပညာပေးဟောပြောပွဲသို့ တက်ရောက်လာကြသည့် ကျောင်းသား/သူများအား နှာ​ခေါင်းစည်း( Mask ) များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/မများ၊ ကျောင်းသား/သူ စုစုပေါင်းအင်အား(၁၅၀)ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။

လှဝင်း