ငါးသိုင်းချောင်းမြို့၌ မွေးစမှအသက် (၁) နှစ်ခွဲ အတွင်းရှိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းလုပ်ငန်း ဆောင်ရွက်

ငါးသိုင်းချောင်း ဒီဇင်ဘာလ ၈

ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့ မိခင်နှင့်ကလေး ကျန်းမာရေးဌာန၌ မွေးစမှအသက် (၁) နှစ်ခွဲအရွယ် ကလေးများအတွက် ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းကို ယမန်နေ့ နံနက်ပိုင်း တွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပါသည်။

ကလေးမိဘများအနေဖြင့် မွေးစကလေးများအား ဘီစီဂျီ၊ အသည်းရောင်အသားဝါ (ဘီ) ကာကွယ်ဆေးများ ထိုးရန်လိုအပ်ပြီး ကလေးအသက် (၂) လ၊ (၄) လ၊ (၆) လ၊ (၉) လနှင့် (၁) နှစ်ခွဲအထိ ပိုလီယို၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ ပြင်းထန်အဆုတ်ရောင်၊ ဝက်သက် ဂျိုက်သိုးအစရှိသည့် ကာကွယ်ဆေးများကို ကလေးအသက်အရွယ် အလိုက်ထိုးနှံရမည် တိုက်ကျွေးရမည် ဖြစ်ပါသည်။

ယမန်နေ့က မိခင်နှင့်ကလေး ကျန်းမာရေးဌာန၌ ပုံမှန်ကာကွယ်ဆေး လုံးဝမထိုးရသေးသော ကလေးငယ်များနှင့် ကာကွယ်ဆေးထိုးရန် အကြိမ်ရေ မပြည့်သေးသော ကလေးငယ် (၅၀) ဦးခန့် လာရောက်၍ ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ ဆေးတိုက်ကြကြောင်း သိရှိရပါသည်။

ငါးသိုင်းချောင်း (ပြန်/ဆက်)