လက်ပံတန်း-ကျုံလဟာလမ်းပိုင်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

လက်ပံတန်း   ဒီဇင်ဘာ  ၈

ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်လမ်းဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော လက်ပံတန်း-ကျုံလဟာလမ်းပိုင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ ပြီးစီးမှုအခြေအနေနှင့် ဆောင်ရွက်နေမှုအခြေအနေတို့အား မြို့နယ်တာဝန်ရှိသူများ ယမန်နေ ့နေ့လယ်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါစစ်ဆေးမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဘုန်းလှိုင်နှင့်အဖွဲ့ဝင်များ သက်ဆိုင်ရာတာဝန်ရှိသူများလိုက်ပါ၍ မြို့နယ်လမ်းဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးငွေရင်းရန်ပုံငွေ ကျပ်သန်းငါးရာရှစ်ဆယ်ဖြင့် လက်ပံတန်း-ကျုံလဟာလမ်း မိုင် ၁/၀ မှ ၁/၆ ထိ ၆ ဖာလုံ ကွန်ကရစ်လမ်းခင်းရန် အခြေခံလွှာခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေတို့အား ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး၊ သတ်မှတ်ချိန်အမီလုပ်ငန်းပြီးစီးရေးဆောင်ရွက်ရန်နှင့် အခက်အခဲရှိပါက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့သို့ တင်ပြဆောင်ရွက်ရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက မှာကြားခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)