လိပ်သို ဒီဇင်ဘာ ၇
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှုအထိမ်းအမှတ် ကျား၊ မအခြေပြု အကြမ်းဖက်မှုဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို ယနေ့မွန်းလွဲ ၂ နာရီခက လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က (၁၆) ရက်တာလှုပ်ရှားမှုဟု အများသိကြသည့် ယနေ့သည် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ဖြစ်ကြောင်း၊ ကျား၊ မ ဖြစ်ခြင်းကို အခြေခံပြီးဖြစ်ပေါ်လာသော အကြမ်းဖက်မှုများပပျောက်ရန် နှစ်စဉ် နိုဝင်ဘာလ (၂၅) ရက်နေ့မှ ဒီဇင်ဘာလ (၁၀) ရက်နေ့အထိ စုစုပေါင်း (၁၆) ရက်ကို နိုင်ငံတကာလှုပ်ရှားမှုအသွင်ဖြစ် ဆောင်ရွက်ခဲ့ကြောင်း၊ (၁၆) ရက်တာလှုပ်ရှားမှုကို တစ်နည်းအားဖြင့် “ ဖဲကြိုးဖြူ” နေ့ဟုလည်းခေါ်ဆိုပါကြောင်း၊ ယခုလို (၁၆) ရက်တာ ကာလအတွင်း အမျိုးသမီးများအပေါ် အကြမ်းဖက်ခြင်းသည် လူ့အခွင့်အရေးကို ချိုးဖောက်ခြင်းဖြစ်သဖြင့် နိုင်ငံတိုင်းတွင် အသိပညာပေးလှုံ့ဆော်ခြင်း၊ ဟောပြောပွဲ ပြုလုပ်ခြင်း၊ ဆွေးနွေးပွဲပြုလုပ်ခြင်းတို့ကို (၁၆) ရက်တာကာလအတွင်း ကျင်းပပြုလုပ်ကြကြောင်း အသိပညာပေး ဟောပြောပြီးနောက် အသိပညာပေးနံရံကပ်စာစောင်များကို ပြသရာ ကျောင်းသား/ ကျောင်းသူများက စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာ မှတ်သားခဲ့ကြသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လိပ်သိုမြို့ရုံးအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်အတွက် နေ့ထူးနေ့မြတ်ဆိုင်ရာ အကြောင်းအရာများ၊ အလုပ်အကိုင်အခွင့်အလမ်းကြော်ငြာများနှင့် ဒေသနှင့်လျော်ညီသည့် အသိပညာပေး အကြောင်းအရာများကို လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခင်လေးနွယ် (လိပ်သို)