စလင်းမြို့နယ်၌ ဧရာမင်းမိုးစပါးစံပြကွက် စိုက်ခင်းရိတ်သိမ်းပွဲ ကျင်းပပြုလုပ်

 

စလင်း ဒီဇင်ဘာ ၈

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတို့ ပူးပေါင်းစီစဉ်ကျင်းပသည့် ၂၀၂၃-၂၀၂၃ ဘဏ္ဍာနှစ် မိုးစပါးသီးနှံစံပြကွက်စိုက်ခင်း ရိတ်သိမ်းခြင်းအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က တောစိမ့်ကျေးရွာ တောင်သူဦးမြင်းဝင်း၏ ကွင်းအမှတ် (၆၀၀) ရှိ ဧရာမင်းမိုးစပါး စံပြစိုက်ခင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ မိုးစပါးစံကွက်ရိတ်သိမ်းပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင်နှင့် ဌာနဆိုင်ရာများ၊ မြို့နယ်လယ်ယာ မြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဦးစီးမှူး ဦးနိုင်ဝင်း၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမြင့်လင်းနှင့် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဖိတ်ကြားထားသည့် ဒေသခံတောင်သူများ စုစုပေါင်း (၇၅) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 မိုးစပါးစံကွက်ရိတ်သိမ်းခြင်းကို ဆောင်ရွက်ရာတွင် စလင်းမြို့နယ် တောစိမ့်ကျေးရွာ  တောင်သူ ဦးမြင့်ဝင့်၏ ကွင်းအမှတ် (၆၀၀) ဦးပိုင်အမှတ်  ၈၄/၁ ရှိ ဧရာမင်းမိုးစပါးစိုက်ဧက (၇.၉) ဧကအား စံကွက်ရိတ်သိမ်းခဲ့ရာ တစ်ဧကပျမ်းမျှ အစိုတစ်တင်း ၁၀၅.၄၇ တင်းနှင့် အခြောက်ဒသမ ၇၁ တင်းထွက် ရှိကြောင်းကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရှိရသည်။ မြို့နယ်(ပြန်/ဆက်)