မြိတ် ဒီဇင်ဘာ ၇
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် စပါးစိုက်ပျိုးတောင်သူများအနေဖြင့် လက်ရှိအချိန်တွင် စပါးဈေးနှုန်းသည် စီးပွားရေးတွက်ခြေကိုက်သည့် ဈေးနှုန်းရရှိနေသည့်အတွက် နွေစပါးကို စိုက်ပျိုးရေရရှိပါက လျာထားဧကထက် ပိုမိုစိုက်ပျိုးလာနိုင်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
“နွေစပါးစိုက်ပျိုးဖို့ မြိတ်မြို့နယ်မှာ လျာထားဧက (၈၅) ဧက လျာထားပြီး စိုက်ပျိုးရေ ရရှိပါက လျာထားဧကထက် ပိုမိုစိုက်ပျိုးလာနိုင်မှာဖြစ်ပါတယ်။ စပါးဈေးနှုန်းသည် လက်ရှိအနေထားမှာ ဒေသပေါက်ဈေးက စီးပွားရေး တွက်ချေကိုက်တဲ့ဈေးနှုန်း ရရှိနေပါတယ်။ လက်ရှိစပါး ပေါက်ဈေးက စပါးတင်း (၁၀၀) မှာ (၁၂) သိန်းခွဲရှိပါတယ်” ဟု စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းမြတ်စိုးက ပြောသည်။
မြိတ်မြို့နယ်၌ နွေစပါးကို ဒီဇင်ဘာလအကုန်တွင် စတင်စိုက်ပျိုးကြမည်ဖြစ်ကြောင်း၊ နွေစပါး စိုက်ပျိုးရန် လယ်မြေများတွင် မြေပြင်ခြင်းလုပ်ငန်းကို စတင်ဆောင်ရွက်လျက်ရှိကြောင်း၊ နွေစပါးကို စန္ဒဝတ်၊ အင်္ဂမော်နှင့် မဇောကျေးရွာအုပ်စုရှိ ကျေးရွာများတွင် နှစ်စဉ်စိုက်ပျိုးကြပြီး ယခင်နှစ်က တောင်သူများမှ (၆၂)ဧက စိုက်ပျိုးခဲ့ကြ၍ စပါးအထွက်နှုန်းအနေဖြင့် ပျှမ်းမျှ တစ်ဧက (၇၂) တင်းကျော် ထွက်ရှိခဲ့ကြောင်း၊ စိုက်ပျိုးရေရရှိပါက ယခုနှစ် လျာထားဧက (၈၅) ဧကထက် နွေစပါးပိုမို စိုက်ပျိုးလာနိုင်ကြောင်း စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။
ခရိုင် ပြန်/ဆက်