သရက်ချောင်းမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကာယ စွမ်းရည်ပြိုင်ပွဲ ကျင်းပ

သရက်ချောင်း ဒီဇင်ဘာ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကလေးငယ်များ ကာယစွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် နာရီခွဲအချိန်က ကျင်းပခဲ့သည်။

ရှေ့ဦးစွာ  သရက်ချောင်းမြို့နယ်၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းခလိုက်ရှုက အချိန်ကိုအကျိုးရှိစွာ အသုံးချတက်စေရန်၊ အာရုံစူးစိုက်လေ့လာမှု၊  ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်လာစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန် ရည်ရွယ်၍ ပြိုင်ပွဲကျင်းပရခြင်းဖြစ်ကြောင်း  ရှင်းလင်းပြောကြားပြီးနောက် လက်ဆင့်ကမ်း ဘောလုံးသယ်ပြိုင်ပွဲနှင့် ကွမ်းသီးကောက်ပြိုင်ပွဲ၊ ခြေ ၃ ချောင်းထောက်ပြိုင်ကို ကျင်းပရာ ..က (သရက်ချောင်း) ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၂၀) ဦးတို့ ပါဝင်ယှဉ်ပြိုင် ခဲ့ကြပြီး ဆုရရှိသည့်ကလေးငယ်များအား ဆုများနှင့် လက်ဆောင်ပစ္စည်းများ အသီးသီး ချီးမြှင့်ခဲ့သည်။

သားကြီး(သရက်ချောင်း)