ပန်းတနော်မြို့နယ်တွင် ဆောင်းသီးနှံ စိုက်ပျိုးရေးစရိတ်ချေးငွေများ ထုတ်ချေးပေးလျက်ရှိ

ပန်းတနော် ဒီဇင်ဘာ ၇

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ ၂၀၂၂ ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရေးစရိတ် ချေးငွေများ ထုတ်ချေးပေးခြင်းကို ယနေ့နံနက် ၁၀ နာရီက တောင်သူများအား ထုတ်ချေးပေးလျက်ရှိသည်။

ပန်းတနော်မြို့နယ်တွင် တောင်သူများအား ၂၀၂၂ ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရေးစရိတ် ချေးငွေများကို ထုတ်ချေးပေးလျက်ရှိရာ စပါးတစ်ဧကလျှင် ငွေကျပ် (၁၅၀၀၀၀) နှုန်း၊ ပဲသီးနှံ တစ်ဧကလျှင် ငွေကျပ် (၁၀၀၀၀၀) နှုန်းဖြင့် ထုတ်ချေးပေးလျက်ရှိပြီး ဆင်လမ်းကြီး ကျေးရွာအုပ်စုရှိ တောင်သူဦးရေ (၃၀)ဦး၊ ဆောင်းသီးနှံစပါးစိုက်ပျိုးဧက (၂၂၆) ဧကအား စိုက်ပျိုးရေးစရိတ်ချေးငွေ ကျပ်သိန်း ၃၃၉ သိန်း ထုတ်ချေးပေးလျက်ရှိကြောင်း ပန်းတနော်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မန်နေဂျာ ဦးခင်မောင်ဝင်းထံမှ သိရသည်။

ပြည့်ဖြိုးကျော်(ပြန်/ ဆက်)