ဖျာပုံ ဒီဇင်ဘာ ၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၏ တည်ထောင်ခွင့်ပြုမိန့်ရ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများသို့ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် ထောက်ပံ့ရန် ကျန်ရှိသော စေတနာ့ဝန်ထမ်းအဖွဲ့အစည်း၊ ပရဟိတဂေဟာ အသီးသီးရှိ ကလေးငယ်များ အတွက် ဆန်ဖိုး၊ စားစရိတ်၊ ဝတ်စုံစရိတ်နှင့် ဂေဟာမှူးများ၏ လစာအတွက် ထောက်ပံ့ပေးခြင်းကို ယနေ့နံနက် (၉) နာရီ အချိန်က ခရိုင်လူမှုဝန်ထမ်းရုံးခန်းမ၌ ပြုလုပ်သည်။
အဆိုပါ ခရိုင်အတွင်းရှိ ထောက်ပံ့ရန်ကျန်ရှိသော စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများအား ထောက်ပံ့ငွေပေးအပ်ရာတွင် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအေးကျော်က ထောက်ပံ့ငွေပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၏ တည်ထောင်ခွင့်ပြုမိန့်ရ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများသို့ ၂၀၂၂-၂၀၂၃ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် ထောက်ပံ့ရန်ကျန်ရှိသော ခရိုင်အတွင်းရှိ မြို့နယ်များဖြစ်သော ကျိုက်လတ် မြို့နယ်မှ ပညာဝတီ အမျိုးသမီးများဘဝမြှင့်တင်ရေးဂေဟာသို့ (၆၃၈၇၀၀၀)ကျပ်၊ ပေချောင်လူငယ်ဖွံဖြိုးရေး ပရဟိတဂေဟာသို့(၅၀၆၄၀၀၀)ကျပ်၊ ဘိုကလေးမြို့နယ်၊ ရုပ်ဆိုင်ကျေးရွာရှိ ရတနာမဉ္ဇူလူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာသို့ (၇၂၀၃၀၀၀)ကျပ်တို့အား ဖျာပုံခရိုင်လူမှုဝန်ထမ်းရုံးမှ ခရိုင်ဦးစီးမှူး
ဦးအေးကျော်နှင့် တာဝန်ရှိသူများက ထောက်ပံ့ငွေများ ပေးအပ်ရာ သက်ဆိုင်ရာ ဂေဟာမှူးများက လက်ခံရယူခဲ့ကြကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)