ပုလော ဒီဇင်ဘာ ၇
ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၌ လူငယ်စကားဝိုင်းကို ယနေ့နံနက် ၁၀ နာရီက ပုလောမြို့ အမှတ် ၂ အခြေခံပညာအထက်တန်းကျောင်း ငွေရတုခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
စကားဝိုင်းတွင် အခြေခံပညာအထက်တန်းကျောင်း(ရှပ်ပုံ) ကျောင်းအုပ် ဆရာမကြီး ဒေါ်သန်းသန်းဆင့်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးမော်က ကျောင်းသားလူငယ်များအနေဖြင့် အသိပညာတွေတိုး တက်စေရန် ပရိသတ်ရှေ့မှာ ပြောရဲဆိုရဲတဲ့ သတ္တိရှိလာစေရန်၊ လူငယ်အချင်းချင်းအသိပညာ ဖလှယ်တတ်စေရန် တစ်ဦးနှင့်တစ်ဦး ယဉ် ကျေးမှုရှိပြီး ပူးပေါင်းဆောင်ရွက်တတ်စေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
စကားဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးမော်က ဦးဆောင်၍ Grade -9 မှ မောင်ဟက်ကက်အောင်၊ Grade - 10မှ မမြတ်ရတနာခင်တို့ကလူငယ်နှင့် မူးယစ်ဆေး၊ Grade-10မှ ကျောင်းသား မောင်ထက်မြတ်အောင်နှင့် မအိရွှေစင်ဖူးတို့က လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့်ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသည့် ကျောင်းသား/သူများက ပါဝင်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အေးအေးမော်(ပုလော)