ရေဖြူ ဒီဇင်ဘာ ၇
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဖွဲ့ဝင်များအား ရေဖြူမြို့နယ် လူကုန်ကူးမှုတားဆီးကာကွယ်ရေးကော်မတီဥက္ကဋ္ဌက ယနေ့နံနက် (၁၀)နာရီတွင် အောင်သာဝတီခန်းမ၌ အမျိုးသားအဆင့် စံလုပ်ငန်းအစီအစဉ်အား မိတ်ဆက် ရှင်းလင်းပွဲပြုလုပ်ခဲ့သည်။
အဆိုပါ ရှင်းလင်းပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇင်လင်းနိုင်က လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ ပေါင်း စည်းရေးနှင့် ပြန်လည်ထူထောင်ရေး အမျိုးသားအဆင့်စံလုပ်ငန်း အစီအစဉ်အား မြို့နယ်လူကုန်ကူးမှုတားဆီးကာကွယ်ရေး အဖွဲ့ဝင်များသို့ မိတ်ဆက်ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလှနောင်က လူကုန်ကူးမှု ဖြစ်ပေါ်ရသည့်အကြောင်းရင်းကို ပြောကြားခဲ့သည်။
အခမ်းအနားသို့ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ် လူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
ခတ္တာ