ကေ့ာကရိတ်မြို့ အထကကျုံဒိုးအထက်တန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ယာဥ်စည်း ကမ်းလမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲအား ပြုလုပ်

ကေ့ာကရိတ် ဒီဇင်ဘာ ၇

ကရင်ပြည်နယ်၊ ကေ့ာကရိတ်မြို့ အထက(ကျုံဒိုး)အထက်တန်းကျောင်းတွင် ယမန်နေ့နံနက် ၁၁ နာရီချိန်က  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတို့ပူးပေါင်းပြီး စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ယာဥ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ သိကောင်းစရာတို့ကို အသိပညာပေးဟောပြောခဲ့သည်။

 ထိုသို့ ဟောပြောရာတွင် ကျုံဒိုးမြို့အုပ်ချုပ်ရေးမှူး သန်းထွန်းအောင်နှင့် ကျောင်းအုပ်ဆရာကြီး ဦးရွှေမန်းတို့က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်လေးနွယ်မှဌာန၏ ၀န်ဆောင်မှုလုပ်ငန်းများနှင့် စာဖတ်ရှိန်မြှင့်တင်‌ရေးအသိပညာပေးဟောပြောခဲ့ပြီး ခရိုင်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးညွှန့်ဦးက ကုန်တင်ယာဥ်များ၏သတ်မှတ်ချက်များ ယာဥ်များမောင်းနှင်ရာတွင် အသက်(၁၈)နှစ်ပြည့်နှင့် ယာဥ်မောင်းလိုင်စင်ပြုလုပ်၍ မောင်းနှင်ကြရေး၊ ယာဥ်စည်းကမ်း လမ်းစည်းကမ်းနှင့် ပတ်သက်သည့် အမှတ်အသားများ မော်တော်ဆိုင်ကယ်/ မော်တော်ယာဥ် မောင်းနှင်ရာတွင် လိုက်နာရမည့်အချက်များ၊ ဥပဒေပုဒ်မများ၊ ယာဥ်အန္တရာယ် ကင်းရှင်းရေးနှင့် နည်းဥပဒေများ၊ ဆိုင်ကယ်စီးလျှင် ဆိုင်ကယ်ဦးထုပ်ဆောင်း၍ မောင်းနှင်စီးနှင်းရေး စသည်တို့ကို အသိပညာပေး ဟောပြောခဲ့ကြသည်။

ထို့နောက် ယာဥ်စည်းကမ်းလမ်းစည်းကမ်းနှင့် ပတ်သက်၍ မေးခွန်းများမေးမြန်းရာအဖြေမှန်ဖြေကြားခဲ့ည့် ကျောင်းသူကျောင်းသားများကို အမှတ်တရဆုများ ချီးမြှင့်‌ပေးခဲ့ကြောင်း သိရသည်။

ခင်မျိုးဝင်း(ခရိုင်ပြန်/ဆက်)