သံတောင်ကြီး ဒီဇင်ဘာ ၇
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၅-၂၀၁၆ဘဏ္ဍာနှစ်မှစတင်ပြီး မြစိမ်းရောင်စီမံကိန်းဖြင့် ကျေးရွာများအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာယနေ့နံနက်(၉)နာရီအချိန်က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းနှင့်ဝန်ထမ်းများက နဝမအကြိမ်မြစိမ်းရောင်ရန်ပုံငွေ ပြန်လည်ထုတ်ချေးခြင်းကိုရွှေညောင်ပင်ကျေးရွာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့သို့ ဆောင်ရွက်ရာတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမြို့နယ်ဦးစီးမှူးဦးချမ်း ငြိမ်းဝင်းက မြစိမ်းရောင်စီမံကိန်းကော်မတီဝင်များအချင်းချင်း စည်းလုံးညီညွှတ်စွာဖြင့် စီမံကိန်းလုပ်ငန်းများ ဆက်လက်အောင်မြင်အောင်ဆောင်ရွက်ကြရန်၊ စာရင်းဇယားများ ပြည့်စုံအောင်ဖြည့်သွင်းထားရန်၊ အသင်းသားများကလည်းချေးငွေဖြင့် လုပ်ငန်းများအမှန်တကယ် အကောင်အထည်ဖော်ဆောင်ရွက်ကြရန်၊ သတ်မှတ်ကာလအတွင်းအရင်းနှင့်အတိုးများ ပြန်လည်ပေးဆပ်ကြရန်ပြောကြားခဲ့ပြီး မြစိမ်းရောင်ရန်ပုံငွေကြီးကြပ်မှုကော်မတီဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ အသင်းသားများအား ရန်ပုံငွေများပြန်လည် ထုတ်ချေးပေးခဲ့ကြောင်းသိရသည်။
အဆိုပါမြစိမ်းရောင် ရန်ပုံငွေဖြင့် ရွှေညောင်ပင်ကျေးရွာတွင် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ (၆၄)ဦးအတွက် ငွေကျပ်(၂၆၃ )သိန်း မွေးမြူ ရေးလုပ်ငန်းလုပ်ကိုင်သူ(၂၃)ဦးအတွက် ငွေကျပ်(၈၁)သိန်း၊ ရောင်းဝယ်ရေး လုပ်ငန်းလုပ်ကိုင်သူ(၂၀)ဦးအတွက် ငွေကျပ်(၆၈)သိန်း စုစုပေါင်း ငွေကျပ် (၄၁၂)သိန်း ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
နော်နော်မူ