အုတ်တွင်းမြို့နယ်၌ အခြေခံပညာကျောင်းများသို့ နယ်လှည့်စာကြည့်တိုက်အသိပညာပေးကွင်းဆင်းဆောင်ရွက်

အုတ်တွင်း    ဒီဇင်ဘာ   ၇

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် အုတ်တွင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကလေးငယ်များအား အသိပညာဗဟုသုတရရှိစေရေး၊ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ယမန်နေ့နံနက် ၁၀ နာရီ အချိန်ကအ.မ.က(မူလွန်)ကြို့ကုန်းနှင့် မွန်းလွဲပိုင်းအချိန်က အ.မ.က(မူလွန်)သစ် တောကျောင်းများသို့ ကွင်းဆင်းဆောင် ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူးဒေါ်ခင်ခင်မာမှကလေးငယ်များအား စာပေဖတ်ရှုခြင်းဖြင့်ရရှိလာမည့်အကျိုးကျေးဇူးများအကြောင်းနှင့် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးအကြောင်းအရာအား ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကလေးများကိုယ်ကာယ ဉာဏစွမ်းရည်များဖွံ့ဖြိုးစေရေး၊ အချင်းချင်းပူးပေါင်းဆောင်ရွက်တတ်စေရေး၊ တစ်ဦးနှင့်တစ်ဦးချစ်ခင်ရင်းနှီးမှုများရရှိစေရေးရည်ရွယ်ကာ ကိုယ်လက်လှုပ်ရှားမှုများပြုလုပ်ပြီး ကလေးငယ်များအားရုပ်ပုံစာအုပ်၊ စက္ကူပြဇာတ်များဖြင့် ပုံပြင်ပြောပြခြင်းများဆောင်ရွက် ကာကလေးငယ်များအား စာဖတ်သည့် အလေ့အထများရရှိစေရန် စာဖတ်ဝိုင်းများဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခင်ခင်မာ(ပြန်/ဆက်)