ပဲခူးမြို့တွင် မီးဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် ကြိုတင်ကာကွယ်ရေးအသိပညာပေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင်သရုပ်ပြခြင်းဆောင်ရွက်

ပဲခူး ဒီဇင်ဘာ ၇

မီးဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင်သရုပ်ပြခြင်းကို ယနေ့နံနက် ၁၀ နာရီက ပဲခူးမြို့၊ စည်ပင်သာယာမြို့မစျေးကြီးတွင် စျေးသူ/ စျေးသားများနှင့်ပူးပေါင်း၍ ပြုလုပ်ဆောင်ရွက်ခဲ့သည်။

အဆိုပါ မီးဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် ကြိုတင်ကာကွယ်ရေးအသိပညာပေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်သရုပ်ပြခြင်း ဆောင်ရွက်ရာတွင်ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏  လမ်းညွှန်မှုကိုခံယူ၍ ပဲခူးတိုင်းဒေသကြီးစည်ပင်သာယာရေး ညွှန်ကြားရေးမှူးဦးအောင်မြင့်၊ ပဲခူးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူးညွှန်ကြားရေးမှူး ဦးမျိုးဝင်း၊ ခရိုင်/မြို့နယ်အဆင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့မှတာဝန်ရှိသူများ၊ ဈေးကော်မတီဝင်များ၊ ဈေးသူ/သားများ တက်ရောက်ခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးမှူးဦးမိုးဝင်းထွန်းက မီးလောင်မှုဖြစ်ပွားနိုင်သည့်အချက်များ၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် မီးသတ်ဆေးဘူးသုံးစွဲပုံအဆင့်ဆင့်အား ရှင်းလင်းပြောကြားပြီး မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်ခြင်းကို လက်တွေ့သရုပ်ပြခြင်း၊ ဈေးသူ/စျေးသားများမှ လက်တွေ့ဆောင်ရွက်ခြင်း၊ မီးသတ်ယာဉ်(၄)စီးဖြင့် မီးငြှိမ်းသတ်ခြင်းကို သရုပ်ပြဆောင်ရွက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

သက်ဖြိုးကြိုင် (ခရိုင်၊ ပြန် /ဆက်)