ဝေါ ဒီဇင်ဘာ ၇
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် ဘာသာရပ်ဆွေးနွေးပွဲကို ဝေါမြို့နယ်မြစ်ကျိုးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက် ၉ နာရီက ပြုလုပ်ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟထွန်းက ဝေါမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေး အသိပညာပေးဆွေးနွေးဟောပြောသည်။ ထို့နောက်မြို့နယ်ပညာရေးမှူးဦးကြည်စိုးက တက္ကသိုလ်ဝင်တန်းရှိသော ကျောင်းများတွင် ဆရာ/ဆရာမများက ကျောင်းသား/ကျောင်းသူများအား အချိန်ပိုခေါ်ယူသင်ကြားပေးနေမှုနှင့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး အသိပညာပေးရှင်းလင်းဆွေးနွေးခဲ့သည်။
ဝေါမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများပူးပေါင်း၍ တက္ကသိုလ်ဝင်တန်းရှိသော ကျောင်းများတွင် ဆရာ/ဆရာမများက ကျောင်းသား/ကျောင်းသူများအား အချိန်ပိုခေါ်ယူသင်ကြားပေးနေမှုအား ကွင်းဆင်းကြီးကြပ်၍ အားပေးဆွေးနွေးမှုများ ပြုလုပ်ဆောင်ရွက်ခဲ့သည်။ အဆိုပါ အချိန်ပိုခေါ်ယူသင်ကြားပေးရာတွင် တက္ကသိုလ်ဝင်တန်း ကျောင်းသား/ကျောင်းသူများအား နံနက်(၄၅)မိနစ် တစ်ကြိမ်၊ ညနေ(၄၅)မိနစ် တစ်ကြိမ် တစ်နေ့လျှင်နှစ်ကြိမ် နေ့စဉ်ပုံမှန် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အောင်မြတ်လင်း (ပြန်/ဆက်)