ကြံခင်း ဒီဇင်ဘာ ၇
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် မြို့မရပ်ကွက် တာကြီးတန်းမြို့မ ပတ်လမ်းကမ်းပါးရှိ နန်းဦးတံတားနှင့် လမ်းခင်းဆောင်ရွက် ထားခြင်းကို ယနေ့ နံနက် (၉) နာရီ အချိန်က မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌက သွားရောက်ကြည့်ရှု့ခဲ့သည်။
အဆိုပါ နန်းဦးတံတားကို ဧရာဝတီမြစ် ရိုးချောင်းအတွင်း ရေကျချိန်တွင် အနက်ပေ (၂၀) ခန့် ရှိသဖြင့် မြို့မရပ်ကွက်မှ မြို့မကျွန်းနှင့် ဆက်စပ်လျှက်ရှိသော ရွှေတောင်မြို့နယ် ဆင်ကျွန်းကျေးရွာ၊ ကန့်လန့်ကုန်းကျေးရွာ၊ သောင်ပြင်ကုန်းကျေးရွာတို့မှ ခရီးသွားပြည်သူများ ဈေးဝယ်ခြင်း၊ ကုန်ပစ္စည်းသယ်ဆောင်ခြင်း သွားလာရာတွင် အခက်အခဲရှိသဖြင့် ၂၀၁၃ ခုနှစ် နိုဝင်ဘာလတွင် ထားဝယ်ကြီး ကျောင်းဆရာတော် ဦးပညာသာမိနှင့် ကျီးသဲကျောင်းဆရာတော် ဦးသာသနတို့က ဦးဆောင်ပြီး ဝါးတံတားထိုးခြင်း၊ ခရီးသွားပြည်သူများ နားနေရန် ဇရပ်ဆောက်ထားပေးခြင်း၊ ယခုအခါ ခရီးသွားပြည်သူများ သွားလာရေးအဆင်ပြေစေရန် ၂၀၂၂ခုနှစ် နိုဝင်ဘာလ (၂၂) ရက်နေ့တွင် ကွန်ကရစ်လမ်းခင်းခြင်းနှင့် ဝါးတံတားထိုး ဆောင်ရွက်ထားကြောင်း ထားဝယ်ကြီး ကျောင်းဆရာတော်ထံက သိရသည်။
အဆိုပါတံတားနှင့် လမ်းခင်းခြင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးသိန်းတန်က ထားဝယ်ကြီး ကျောင်းတိုက်ဆရာတော်ထံ သွားရောက်ဖူးမြော်ကာ နန်းဦးတံတားထိုးခြင်းနှင့် လမ်းခင်းခြင်းအား ကြည့်ရှု့ပြီး လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)